
နေပြည်တော် ဩဂုတ် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည် များကို ထပ်ဆင့်မှာကြားရှင်းလင်း ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အမှုဆောင် အရာရှိချုပ်များနှင့် ဌာနအကြီးအကဲများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်ထိ (၆)လတာ ကာလအတွင်း လုပ်ငန်းဆောင် ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အလေးထားလိုက်နာဆောင်ရွက် သွားကြရန်နှင့် လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်း များအနေဖြင့် ကျန်ရှိနေသည့် ဘဏ္ဍာရေးနှစ်တွင် (၃)လပတ် အလိုက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ရာတွင်လည်း လုပ်ငန်း ပြီးစီးမှုနှင့် ဘဏ္ဍာငွေသုံးစွဲမှုတို့ကို ဟန်ချက်ညီ ပြီးစီးသွားရန် လိုအပ်ကြောင်း။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု အပိုင်းတွင်လည်း လျှပ်စစ် ဓာတ်အားများအား ပြည်သူလူထု ထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူး ပေးပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် အတွက် ဓာတ်အားခ အခွန်အခ များကိုလည်း ရာနှုန်းပြည့် အပြည့်အဝရရှိရေး ကောက်ခံသွား ရမည်ဖြစ်ပါကြောင်း၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးတို့အတွက် ထရန် စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့ကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ် ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင် ရေး ရည်မှန်းချက်နှင့်အညီ စီမံ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများတွင် မိမိတို့ကျရာ အခန်းကဏ္ဍများမှ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှုးများနှင့် အမှုဆောင်အရာရှိ ချုပ်များက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ ရေးနှစ် ဘဏ္ဍာငွေ လျာထားသုံးစွဲ မည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
'
သတင်းစဉ်