
နေပြည်တော် ဩဂုတ် ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်း တွင် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း ၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်သော Sino-pharm နှင့် Myancopharm ဆေးများကို ယနေ့တွင် ရခိုင် ပြည်နယ် စစ်တွေမြို့သို့ Sino- pharm ၅၄၉၆၀ နှင့် ဆေးထိုးအပ် များ၊ သံတွဲမြို့သို့ Sinopharm ၂၄၆၀ နှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့သို့ Sinopharm ၈၁၆၀၊ Myancopharm ၁၉၄၅၂ လုံးနှင့် ဆေးထိုးအပ်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ဆေးထိုး အပ်များ၊ ချင်းပြည်နယ် တီးတိန် မြို့သို့ ဆေးထိုးအပ်များ၊ ဖလမ်း မြို့သို့ ဆေးထိုးအပ်များ၊ ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုး မြို့သို့ ဆေးထိုးအပ်များကို တပ်မတော် လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးသည်။
အဆိုပါ ကာကွယ်ဆေးများ နှင့် ဆေးထိုးအပ်များကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာ နေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်