သီရိလင်္ကာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်များ ဖြိုခွဲ

 

ကိုလံဘို   သြဂုတ်    ၁၈


သီရိလင်္ကာနိုင်ငံ၌      နိုင်ငံတော်အရေးပေါ်အခြေ အနေ   ရုပ်သိမ်းလိုက်သည့်အချိန်မှစကာ   သြဂုတ် ၁၈ ရက်တွင်ဖြစ်ပွားခဲ့သော   ပထမဆုံး  ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်များက    မျက်ရည်ယိုဗုံးများနှင့်    ရေ မြောက်အများ အသုံးပြုဖြိုခွဲခဲ့ကြသည်။ 
နိုင်ငံချွတ်ခြုံကျခြင်း၊    ငွေကြေးဖောင်းပွမှုများတလိပ်လိပ်တက်လာခြင်းနှင့်  အခြေခံစားသောက် ကုန်များပြတ်လပ်ပြီး   ခက်ခဲမှုများ  လအတော်ကြာ ဖြစ်ခဲ့ပြီးနောက်       မမျှော်မှန်းနိုင်လောက်သည့် စီးပွားရေးပြိုလဲမှုများက    ယခုနှစ်တွင်    တစ်ခါ တစ်ရံ    အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို   ဖြစ်စေ သည်။

 


အစိုးရသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းမှုအာဏာပေးလိုက်ပြီး     သဘောထား ကွဲလွဲမှုများကို  အရေးပေါ်အခြေအနေပြဋ္ဌာန်းခြင်း ဖြင့် ထိန်းချုပ်ခဲ့သည်။ 

 


လုံခြုံရေးအရာရှိများ၏    လူစုခွဲဖမ်းဆီးမခံရမီ ကိုလံဘိုရှိ  မြို့တော်ခန်းမသို့ ကျောင်းသားရာပေါင်း များစွာ  ချီတက်ဆန္ဒပြရန်ကြိုးစားခဲ့သည်။  ဖမ်းဆီး ထိန်းသိမ်းခဲ့သူ ခြောက်ဦးတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းပါဝင်ခဲ့သည်။ 
အနည်းဆုံးအင်အားဖြင့် နိုင်ငံပိုင်ပစ္စည်းများနှင့် ရဲအရာရှိများကို   တိုက်ခိုက်သူများကိုသာ  ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း   လုံခြုံရေးတပ်ဖွဲ့ဝင်များက    ပြော သည်။ 

 


သမ္မတ   ရာနေးလ်ဝစ်ကရမ်ဆင်းဂ်က  ၎င်း၏ အစိုးရအဖွဲ့သည် လွန်ခဲ့သောလက ကျင့်သုံးခဲ့သော နိုင်ငံတော်အရေးပေါ်အခြေအနေကို      သက်တမ်း ထပ်တိုးသွားမည်မဟုတ်ကြောင်း   ယခုသီတင်းပတ် တွင် ကြေညာခဲ့သည်။ 

အေအက်ဖ်ပီ