သီပေါမြို့ သန့်ရှင်းသာယာလှပရေး မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေး

 

သီပေါ    ဩဂုတ်   ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ် စည်ပင်သာယာရေးဌာန သည် မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့်   ဒေသခံ ပြည်သူများ    သွားလာမှုလွယ်ကူ ချောမွေ့ရေးအတွက်   ရေစီးရေလာ ကောင်းမွန်စေရန်    ချောင်းကူး တံတားများ၊ ရပ်ကွက်အတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

 


ထို့သို့      ဆောင်ရွက်မှုတွင် တောင်မြို့ရပ်ကွက် ကံ့ကော်လမ်း အရှည် ၆၁၅ ပေ၊ အကျယ် ၁၂ ပေ နှင့် ထုခြောက်လက်မရှိ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း    လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး  ဦးအောင်စည် ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင် နီယာ ဒေါ်သီတာအေးနှင့် ဝန်ထမ်း များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမလေးလပတ် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ်   ၉၉၈၀၀၀၀  ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

 


အဆိုပါ တောင်မြို့ရပ် ကံ့ကော် လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးသဖြင့်   မြို့ပြနှင့်   ကျေးလက် ဒေသအပြင် ပတ်ဝန်းကျင်မြို့နယ် များသို့        ဒေသထွက်ကုန်များ    လွယ်ကူလျင်မြန်စွာ    ကုန်စည် များ ပို့ဆောင်ဆက်သွယ်နိုင်သဖြင့် ဒေသခံများနှင့်     တောင်သူများ  ဝမ်းမြောက်လျက်ရှိကြောင်း သိရ သည်။


စိုင်း(သီပေါ)