
ကျိုက်မရော ဩဂုတ် ၁၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ဩဂုတ် ၁၆ ရက်က မိုးများ သည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် အတ္ထရံမြစ်ရေ မြင့်တက်ကာ မြစ်ကမ်းအနီး အနိမ့်ပိုင်းကျေးရွာများဖြစ်သည့် ဦးလေးကျေးရွာနှင့် ငပြေမကျေးရွာတို့၌ မြစ်ရေနှင့် မိုးရေများ လူနေအိမ်များအတွင်း ဝင်ရောက်ကာ ရေကြီးမှုများဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရေကြီးနေမှုကြောင့် ကျောင်းသား ကျောင်းသူ များ သွားလာရေးခက်ခဲနေ၍ ဦးလေးကျေးရွာနှင့် ငပြေမကျေးရွာတို့ ရှိ အခြေခံပညာကျောင်းများဖြစ်သည့် ငပြေမအထက(ခွဲ)နှင့် အံကရဲ အလက(ခွဲ) ကျောင်းများကို ယာယီပိတ်ထားရကြောင်းနှင့် ဒေသခံ ပြည်သူများအနေဖြင့် လူနှင့်တိရစ္ဆာန်များ ရွှေ့ပြောင်းနေထိုင်မှု မရှိသေးကြောင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုလည်း မရှိသေး ကြောင်း ငပြေမကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မြို့နယ်(ပြန်/ဆက်)