
နေပြည်တော် ဩဂုတ် ၁၇
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ဆီထွက် သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အသီးသီးမှ ညွှန် ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ တက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး က မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် စားသုံးဆီဖူလုံစေရန် ရည်ရွယ် ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ရေးကော်မတီက ဧပြီ ၂၂ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် - ၁/၂၀၂၂ ဖြင့် “ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ် ငန်း အကောင်အထည်ဖော်မှု ကြီး ကြပ်ရေးကော်မတီ” ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ကြောင်း၊ ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် စားသုံးဆီတင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရန်၊ ဆီစက်လုပ်ငန်း များ ဖွံ့ဖြိုးလာရန် တွန်းအား ပေးဆောင်ရွက်သွားမည်ဖြစ်ရာ တောင်သူများ၏ လိုအပ်ချက်၊ ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင် ရွက်လျက်ရှိကြောင်း ပြောကြား သည်။
အစည်းအဝေး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးတွင် နေကြာ သီးနှံကို ဧက ၁ ဒသမ ၅ သန်း အထိ တိုးချဲ့စိုက်ပျိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ စီမံ ကိန်းအတွက် လိုအပ်သော ရန်ပုံ ငွေရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ သွင်းအားစုများဖြစ်သော မျိုး၊ မြေဩဇာ၊ ဒီဇယ်ဆီတို့ကို ရာသီအချိန်မီ ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုး မည့်ဧကများကို ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် လျာထား အထွက်ရရှိရေး ကြီးကြပ်ဆောင် ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုး ထွက်ရှိသော နေကြာသီးနှံများ ဈေးကွက်ရရှိရေးနှင့် ဆီထုတ် လုပ်မှု အဆင်ပြေချောမွေ့စေရေး အတွက် တောင်သူလယ်သမား များ၊ သီးနှံဝယ်ယူသူများနှင့် ဆီကြိတ်ခွဲရေး လုပ်ငန်းရှင်များ အကြား မိတ်ဖက်ဖွဲ့စည်းခြင်းဖြင့် နေကြာ သီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက် ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်