သာပေါင်းမြို့နယ်တွင် ကျောင်းပြန်မအပ်နိုင်၊ ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား ‌ကျောင်းသူများ အုပ်ထိန်းသူမိဘများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ

 

သာပေါင်း  ဇူလိုင်  ၁၀


ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ်တွင်  ဇူလိုင် ၁၀ ရက်က အခြေခံပညာ    အထက်တန်း ကျောင်း (လှေကြီးတတ်) အစည်း အဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့က    ၂၀၂၂  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌တွင် ကျရှုံး သူများနှင့်  ၂၀၁၉-၂၀၂၂ ခုနှစ် နဝမတန်းအောင်မြင်ပြီး ကျောင်း ပြန်မအပ်နိုင်သည့် ကျောင်းသား ကျောင်းသူများ၊  ကျောင်းမတက် ရောက်နိုင်သည့်   ကျောင်းသား ‌ကျောင်းသူများ၊ အုပ်ထိန်းသူမိဘ များနှင့်တွေ့ဆုံ၍  ကျောင်းအမြန် အပ်နှံနိုင်ရေး  တွေ့ဆုံဆွေးနွေး ဆောင်ရွက်ကြသည်။

 


ထိုသို့ တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်း ဧရာထိုက်၊ အတွင်းရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး       ကျော်ခိုင်စိုး၊ ကျောင်းအုပ်ဆရာကြီး  ဦးစိုးနိုင်ဦး၊ ကျောင်းအုပ် ဆရာ ဆရာမကြီး များ၊    ကျေးရွာအုပ်ချုပ်ရေးမှူး ဦး‌လေးမောင်တို့က  အကြောင်း အမျိုးမျိုးကြောင့်  ကျောင်းမတက် ရောက်နိုင်သည့် ကျောင်းသား ကျောင်းသူများ၊    ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံး ခဲ့သည့် ကျောင်းသား ကျောင်းသူ ၃၆ဦးနှင့် ၂၀၁၉-၂၀၂၂ခုနှစ် နဝမ တန်း အောင်မြင်ပြီး  ကျောင်းပြန် မအပ်နိုင်သည့်    ကျောင်းသား ကျောင်းသူ ၂၇ ဦးတို့၏ မိဘများ နှင့်     တွေ့ဆုံ၍   မိမိတို့၏   ကျောင်းနေအရွယ်ကလေးများကို  အနာဂတ်မပျက်စီးစေရန်၊  ပညာ သင်ကြားရမည့်    အရွယ်တွင်  ပညာသင်ကြားနိုင်စေရန်၊      လူငယ် လူရွယ်ဘဝတွင်  မျှော်လင့်ချက်မဲ့ စွာဖြင့် ဘဝကို မဖြတ်သန်းစေရန်၊  ပညာရေးကိုသာ   အလေးထား သင်ကြားနိုင်စေရန်၊     အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်  ကျောင်းသား  ကျောင်းသူများ        ကျောင်းမတက် သည့်သူများ၊  ကျောင်းမအပ်နှံသေး သည့်သူများ   ကျောင်းတက်ရောက် ရေး၊ ကျောင်းအပ်နှံရေး      ဝိုင်းဝန်း ပူးပေါင်း   ဆောင်ရွက်ပေးကြရန် နှင့်   ကျောင်းအမြန်        ပြန်လည် အပ်နှံ      တက်ရောက်ရန် ဆွေးနွေး         ညှိနှိုင်းပေါင်းစပ်          ဆောင်ရွက်ခဲ့ကြကြောင်း   သိရသည်။


မျိုးဇော်သိန်း(ပြန်/ဆက်)