မတ္တရာ ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်တွင် GW-11 ရက်(၁၁၀) နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဝန်စု ကျေးရွာ ကွင်းအမှတ် ၂၅၁၊ ဦးပိုင် အမှတ် (၁၁/၂) တောင်သူ ဦးညီညီ ၏ လယ်မြေ၌ ကျင်းပသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန် ရှိသူများက တောင်သူဦးညီညီ၏ လယ်မြေ ၄ ဒသမ ၄၆ ဧကမှ ဒသမ ၁၀၊ ၀ ဒသမ ၁၀ စံကွက်ကို စပါးရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်း ခဲ့ရာ တစ်ဧကကို စပါးအစို တင်း ၁၇၂ ဒသမ ၅၀ ထွက်ရှိခဲ့သည်။
အဆိုပါ GW-11 နွေစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယု၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မတ္တရာ မြို့နယ်၌ နွေစပါးစိုက် ဧက ၄၆၇၇၇ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)



