ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၉


အမျိုးသားအဆင့်   ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ         စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   အစည်း အဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 


ဦးစွာ  ကော်မတီပူးတွဲဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်း က    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ     ပြဋ္ဌာန်း ချက်များကို     အကောင်အထည် ဖော်  ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့်  အမျိုးသား အဆင့်ကုန်သွယ်မှု           လွယ်ကူ ချောမွေ့စေရေး    ကော်မတီကို ဖွဲ့စည်း          ဆောင်ရွက်လျက်ရှိ ကြောင်း၊     ကော်မတီအနေဖြင့် သဘောတူစာချုပ်ပါ          လုပ်ငန်း တာဝန်များကို    ထိရောက်စွာ အကောင်အထည်       ဖော်နိုင်ရေး အတွက်  သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက်   လုပ်ငန်းအဖွဲ့ များ        ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း၊  အကောင်အထည်ဖော် ရမည့်     သဘောတူစာချုပ်ပါ Measures များကို  သတ်မှတ်ချိန် အတွင်း ပြီးပြတ်အောင် အကောင် အထည်ဖော်          ဆောင်ရွက်ရမည် ဖြစ်ရာ    အခက်အခဲများရှိပါက သက်တမ်းတိုးမြှင့်ခွင့်     ရရှိရေး ကိစ္စများကို   ကြိုတင်ဆောင်ရွက် သွားရန်လိုကြောင်း၊    သို့ဖြစ်၍ ဆက်စပ်ဆောင်ရွက်ရမည့် ကုန် သွယ်ရေးဦးစီးဌာန အကောက်ခွန် ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့အနေဖြင့်       သဘောတူ စာချုပ်ပါ   Measures  များကို သတ်မှတ်ချိန်အတွင်း    ပြီးပြတ် အောင် ဆောင်ရွက်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ    ညှိနှိုင်း ဆောင်ရွက်သွားရန်  ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ကုန်သွယ်မှု  လွယ်ကူချောမွေ့စေ ရေးအတွက် ဆောင်ရွက်ကြရာ၌ ဆက်စပ်ပါဝင်သည့်            ဌာနများ အနေဖြင့် Myanmar Automated Cargo   Clearance  System (MACCS), Trade Net 2.0 များဖြင့် ဆောင်ရွက်လျက်ရှိပြီး   တစ်ဖက် တွင်လည်း   National   Single Window   လုပ်ငန်းစနစ်များဖြင့် ဆောင်ရွက်လျက်       ရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး           အဖွဲ့၏ ကုန်သွယ်မှု   လွယ်ကူချောမွေ့ စေရေး   သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို   အကောင် အထည်ဖော်  ဆောင်ရွက်ရာတွင် ယခုအခါ Technical Assistance and Capacity Building (TACB) Requirement Notification ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့  ပေးပို့ ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် TACB Arrangement and Progress Notification ကို ဆက်လက် ပေးပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်            ရှိကြောင်း၊ အချိန်မီ   ပေးပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်   ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍       ကော်မတီ အောက်ရှိ  လုပ်ငန်းအဖွဲ့  လေးဖွဲ့ မှ    အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာ          ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များကို   တင်ပြကြပြီး  ကော်မတီ ဝင်များက    ဝိုင်းဝန်းဆွေးနွေး၍ ကော်မတီဝင်များ၏   ဆွေးနွေးမှု များအပေါ်  ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌတို့က          ပြန်လည် ရှင်းလင်း      ဆွေးနွေးကြကာ ကော်မတီပူးတွဲဥက္ကဋ္ဌက    နိဂုံး ချုပ်အမှာ စကားပြောကြားသည်။

 


အမျိုးသားအဆင့် ကုန်သွယ် မှု              လွယ်ကူချောမွေ့စေရေး ကော်မတီကို    ၂၀၂၁   ခုနှစ် အောက်တိုဘာ  ၂၆   ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့က  ပူးတွဲဦးဆောင်ကာ ကော်မတီ၏        အောက်တွင် ဆက်သွယ်       ဆောင်ရွက်မှုနှင့်  ပွင့်လင်းမြင်သာ          ရှိမှုဆိုင်ရာ လုပ်ငန်းများ   အကောင်အထည် ဖော်ရေးအဖွဲ့၊  ပြတင်းတစ်ပေါက် စနစ်ဆိုင်ရာ             လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေ   စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ   အကောင်အထည် ဖော်ရေးအဖွဲ့နှင့်  စမ်းသပ်စစ်ဆေး မှုဆိုင်ရာလုပ်ငန်းများ  အကောင် အထည်ဖော်ရေးအဖွဲ့ဟူ၍ လုပ်ငန်း အဖွဲ့ လေးခုဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ရာ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘော တူညီချက်ပါ   ပြဋ္ဌာန်းချက်များကို လိုက်နာ အကောင်အထည်ဖော် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်