ရန်ကုန် ဇူလိုင် ၉
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲ တွင် လသာမြို့နယ် အမှတ်(၁၀)ရပ်ကွက် လမ်းမတော် လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ပြည်သူ့ကျန်းမာ ရေး တက္ကသိုလ်သို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်းအင်အားဖြင့် ကျောင်းဝင်း အတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်း၍ အလင်းဖွင့် ခြင်း၊ ပန်းခြံပြုပြင်ခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးအတွက် စာသင်ခန်းများ အတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန် နှင့် အဖွဲ့သည် ကျောက်တံတား မြို့နယ် (၈)ရပ်ကွက် (၃၉)လမ်းရှိ အမှတ်(၁) အခြေခံပညာ အလယ် တန်းကျောင်း၊ ပုဇွန်တောင် မြို့နယ် (၁)ရပ်ကွက် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၊ သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းနှင့် ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ် (၆၄)ရပ်ကွက် အမှတ်(၁) အခြေခံပညာ အလယ် တန်း ကျောင်းများသို့ သွားရောက် ၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးတို့၏ ကြီးကြပ်မှုဖြင့် ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်း အဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူ များ ပူးပေါင်းအင်အားဖြင့် ကျောင်းဝင်းအတွင်း သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်များ ကြံ့ခိုင်မှုရှိစေ ရေး ပြန်လည်စစ်ဆေး ဆောင်ရွက် သွားရန် မှာကြားပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
သတင်းစဉ်



