CMP စက်ရုံများတွင် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီးမှုများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန်    ဇူလိုင်  ၉


အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းရှိန်သည်  ယနေ့ နံနက်ပိုင်းတွင်  လှိုင်သာယာစက်မှုဇုန်ရှိ    CMP  အထည်ချုပ်စက်ရုံများဖြစ်သည့်  Nadal Pacific Apparel Co.,Ltd ၊   Sioen Myanmar Limited၊ Thong Thai Textile-2 (Myanmar) Co.,Ltd စက်ရုံများသို့  သွားရောက်ပြီး  လုပ်ငန်းခွင်အတွင်း   ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီးမှုများ၊  စက်ရုံ၊  အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် များနှင့်  လုပ်ငန်းခွင်ဘေးအန္တရာယ်  ကင်းရှင်းရေးနှင့်   ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ     အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက် စက်ရုံအစည်း အဝေးခန်းမ၌    စက်ရုံတာဝန်ခံ များက လုပ်ငန်းကိစ္စများ ရှင်းလင်း တင်ပြရာ     ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်း ရေးအတွက် အလုပ်ရှင်၊ အလုပ် သမား    လုပ်ငန်းခွင်ဆက်ဆံရေး ‌ကောင်းမွန်ရန်   လိုအပ်ကြောင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားစေရေး အတွက်    ကျွမ်းကျင်လုပ်သား များ  ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ   ထုတ်ကုန်များကို  အရည် အသွေးမီ၊ အချိန်မီထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း၊  စက်ရုံအတွင်း ရှိ  သတ်မှတ်အဆင့်မီသူများကို  ကျွမ်းကျင်မှု     အသိအမှတ်ပြု လက်မှတ်များရယူနိုင်ရေး ဦးစီး ဌာနများနှင့်   ချိတ်ဆက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊   မြန်မာ နိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ”   သတ်မှတ်   ပြဋ္ဌာန်းရေးအဖွဲ့ အနေဖြင့်      စစ်ဆေးအကဲဖြတ် ရေးဌာနများနှင့်   စစ်ဆေးအကဲ ဖြတ်သူများ၊ စစ်ဆေးရေးမှူးများ မွေးထုတ်ပေးလျက်ရှိရာ အလုပ် အကိုင်   အမျိုးအစားအလိုက် ပူးပေါင်းဆောင်ရွက်ရမည်   ဖြစ်ကြောင်း။ 

 


ရှင်းလင်းပြောကြား


လုပ်ငန်းခွင်ဘေး   အန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော် တဆထိခိုက်မှုနှင့်   လုပ်ငန်းခွင် ရောဂါ     ရရှိခံစားမှု     လျော့နည်း ကျဆင်းစေရေး    ဦးစီးဌာန၏ အမိန့်နှင့်         ညွှန်ကြားချက် များ၊  စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို  ကောင်းစွာ သိရှိလိုက်နာ ဆောင်ရွက်ရန်လို ကြောင်း      ရှင်းလင်းပြောကြားသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင်       ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်     ကျန်းမာရေး စနစ်အား အလေးထားအကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်‌ ဇွန်လအထိ ဖွဲ့စည်းထား သည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေး ဆိုင်ရာကော်မတီ ၁၂၅၂ ခု   ရှိပြီး လုပ်ငန်းခွင်       ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန် စေရေးအတွက်     ဦးစီးဌာနမှ လုပ်ငန်းခွင်   ပတ်ဝန်းကျင်  အခြေ အနေ  တိုင်းတာအကဲဖြတ်ခြင်း ကို      ၈၉၇   ကြိမ်အထိ တိုင်းတာ ပေးနိုင်ခဲ့ကြောင်း သိရသည်။   


သတင်းစဉ်