ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများကို စနစ်တကျတင်သွင်း၊ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိ ဈေးကွက်သို့ ဆီပီပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်းချသွားနိုင်ရေး ဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်  ၉


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး      ဒေါက်တာပွင့်ဆန်း သည်   ယမန်နေ့က  ရန်ကုန်မြို့ ကမ်းနားလမ်းရှိ   Six  Winners Brothers   ကုမ္ပဏီလီမိတက်၏ ဆီသိုလှောင်ကန်များ၌ စားအုန်း ဆီသိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှု၊ 18 Liter ပုံးများဖြင့် ဘူးသွင်းထုတ် လုပ်မှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြို့           ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန     ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲ      အစည်းအဝေး ခန်းမ၌    စားအုန်းဆီတင်သွင်း၊ သိုလှောင်၊   ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး    ကော်မတီအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန် ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့်      တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက   ပြည်ပမှ  တင်သွင်း သည့်  စားအုန်းဆီများကို  စနစ် တကျ တင်သွင်း၊ ဖြန့်ဖြူးရောင်းချ နိုင်ရေးကို   ထိန်းကျောင်းဆောင် ရွက်လျက်ရှိကြောင်း၊   လာမည့် ဘဏ္ဍာနှစ်မှစ၍      ဈေးကွက်သို့ ဆီပီပါများဖြင့်    ဖြန့်ဖြူးနေခြင်း အစား   Consumer   Pack  ဖြင့် ထုပ်ပိုးဖြန့်ဖြူး   ရောင်းချသွား နိုင်ရေး         လုပ်ငန်းရှင်များကို အသိပေး နှိုးဆော်ထားပြီးဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွား ကြရန်   အသိပေးပြောကြားလို ကြောင်း၊ Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူး    ရောင်းချရာတွင် သက်ဆိုင်ရာဌာနများက ညွှန်ကြား ထားသည့်  ကုန်အညွှန်း   အမှတ် အသားများ  ပြည့်စုံစွာဖော်ပြခြင်း အားဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများ အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု   ရှိလာစေမည်ဖြစ်ပြီး   စားသုံးသူ များ၏   အခွင့်အရေးနှင့်   အကျိုး စီးပွားများကို     ကြိုတင်ကာကွယ် ရာရောက်မည်ဖြစ်ကြောင်း။

 


ပြည်ပမှ စားအုန်းဆီတင်သွင်း မှု      လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်ရမည်   ဖြစ်သကဲ့သို့ စားသုံးသူလက်ခံနိုင်သည့် အရည် အသွေးပြည့်မီသော စားအုန်းဆီ များ     ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အတွက်လည်း      အရေးကြီး ကြောင်း၊       ယခုအချိန်တွင် ပြည်တွင်း၌    နေကြာစိုက်ပျိုး ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့်အတွက်    အရည် အသွေးပြည့်မီသည့်    နေကြာဆီ ထုတ်လုပ်သည့်       စက်ရုံများ ပေါ်ပေါက်လာစေရေးအတွက် ချေးငွေများ         ပေးအပ်နိုင်ရန် နိုင်ငံတော်အနေဖြင့်      စီစဉ် ဆောင်ရွက်လျက်  ရှိပါကြောင်း၊ အလားတူ   လက်ရှိစားအုန်းဆီ ကြမ်း     ထုတ်လုပ်လျက်ရှိရာမှ အဆင့်မြင့်စားအုန်းဆီ ထုတ်လုပ် နိုင်ရေးအတွက်ကိုလည်း ဆောင် ရွက်သွားကြရမည်  ဖြစ်ကြောင်း၊ ပြည်ပမှ စားအုန်းဆီတင်သွင်းသူ များအနေဖြင့်    ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်   စည်းမျဉ်း စည်းကမ်းများနှင့်အညီ တင်သွင်း ဖြန့်ဖြူး        ရောင်းချသွားရန် အသိပေးလိုကြောင်း   ပြောကြားသည်။

 


ထို့နောက်   စားသုံးသူရေးရာ ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ      အသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည် နှင့်   ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များက    စားအုန်းဆီ တင်သွင်းမှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေများနှင့်  ပတ်သက်၍ သက်ဆိုင်ရာ      ကဏ္ဍအလိုက် ဆွေးနွေး          တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက   လိုအပ် သည်များကို     ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး   ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရှိ     ရန်ကုန်တိုင်း ဒေသကြီး       တိုင်းဦးစီးမှူးရုံး ပို့ကုန်သွင်းကုန်ရုံးခွဲ (ရန်ကုန်) ရှိ ပို့ကုန်/သွင်းကုန်ဌာနသို့  သွား ရောက်     ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမ၌   ကော်စေ့ လုပ်ငန်းရှင်များကို   တွေ့ဆုံရာ လုပ်ငန်းရှင်များက      လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့နေရ သည့်       အခက်အခဲများနှင့် စပ်လျဉ်း၍      ရှင်းလင်းတင်ပြရာ    ပြည်ထောင်စုဝန်ကြီးက  သက် ဆိုင်ရာ         လုပ်ငန်းဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး သည်။ 

 


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးသည်   မင်္ဂလာခန်းမ၌ ဆီထွက်သီးနှံ၊  ပဲ၊  နှမ်း၊  ပြောင်း ကိစ္စရပ်များနှင့်      ပတ်သက်၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းနှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း    အသင်းများမှ တာဝန်ရှိသူများ၊ ကုန်သည်များကို တွေ့ဆုံ၍    ကုန်သည်လုပ်ငန်း ရှင်းများအနေဖြင့် လက်ရှိတွေ့ကြုံ နေရသည့် အခက်အခဲများ၊ စိန်ခေါ် မှုများကို      ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ    ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ       ဦးဇော် မင်းဝင်းက ပဲ၊ ပြောင်း၊ နှမ်း၊ သီးနှံ များကို   ပြည်ပသို့  တင်ပို့နေမှုကို ရှင်းလင်းဆွေးနွေး       တင်ပြပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းဥက္ကဋ္ဌ  ဦးထွန်း လွင်နှင့်    တက်ရောက်လာကြ သည့်   ကုန်သည်လုပ်ငန်းရှင်များ က  လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်  အခက်အခဲ များကို   ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။           

သတင်းစဉ်