ရေနံချောင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

 

ရေနံချောင်း  ဇူလိုင်  ၉


(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး    ရေနံချောင်းတက္ကသိုလ်    စံပယ်ဆောင်၌ ကျင်းပရာ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက လိုက်လံကြည့်ရှု အားပေးသည်။

 


 အဆိုပါပြိုင်ပွဲများတွင် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် “မျက်ရည်မိုးဖြိုင် ဆယ့်ကိုးဇူလိုင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာ ပြိုင်ပွဲတွင် “နှလုံးစွဲတည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “သမိုင်းထဲက အာဇာနည်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား ကျောင်းသူ ၄၂ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခြင်းကို ဇူလိုင် ၁၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။                                            

မောင်ညီညာ