ဂုဏ်ယူမှတ်တမ်း ပြည်သူ့အလွမ်း

 

J    ဗိုလ်ချုပ်အောင်ဆန်း
    ပြည်ချစ်ပန်းနှင့်
    လွတ်လမ်းကိုဖောက်
    ပြည့်သွေးသောက်တို့
    အမှောက်ရန်စွယ်
    ရှင်းလင်းဖယ်၍
    ယှက်နွှယ်တိုင်းသား
    ပြည်ထွန်းကားဖို့
    ကြိုးစားဆောင်ရွက်
    မျိုးဂုဏ်ထက်မို့
    တက်နေပမာ
    ရောင်ခြည်ဖြာသည်
    မြန်မာပြည်တည်း။
J     သမိုင်းတစ်ခွင်
    မော်ကွန်းတင်၍
    ဆင်ယင်အောင်ပွဲ
    ပျော်ရွှင်နွှဲရန်
    လက်တွဲညီညာ
    စည်းဝေးရှာသည်
    မှန်စွာမမေ့
    ထိုရက်နေ့မှာ
    ဆွေ့ဆွေ့နှလုံး
    ကွဲကြေသုဉ်းကြ
    ပြည်လုံးဘဝင်ညှိုး
    ဇူလိုင်ဆယ့်ကိုး။
J    ယုတ်မာထိုးနှောက်
    ကျွန်သပေါက်ကြောင့်
    ကိုးယောက်ဇာနည်
    ကျဆုံးသည်မို့
    မျက်ရည်သွန်းခ
    ငိုကြွေးကြနှင့်
    မိုးမှတစ်ဖန်
    ဝမ်းနည်းဟန်ဖြင့်
    သည်းထန်မိုးစက်
    ဖျန်းကာပက်သည်
    ရင်ထက်လှိုက်ဆူ
    မြန်ပြည်သူမှာ
    အပူလွမ်းတွေ
    ဆင့်ပွားဝေ၏။
J    ပေးအပ်အသက်
    သွေးနှင့်ဆက်၍
    ပြည့်တွက်ဝန်တာ
    ကျေပွန်ရှာသည့်
    ပြည်သာကောင်းကျိုး
    မြတ်တန်ဖိုးကြောင့်
    လွန်တိုးချစ်ခင်
    ကျေးဇူးရှင်တို့
    စိတ်တွင်မှန်းဆ
    ဂါရဝဖြင့်
    လှူမျှပေးဝေ
    ရပါစေသား။
J     အဖအောင်ဆန်း
    ပြည်ချစ်ပန်းတို့
    လျှောက်လှမ်းခဲ့ကြ
    ထိုလမ်းစကို
    မှတ်ကြမသွေ
    တုယူလေလျက်
    တို့တွေသမိုင်း
    စဉ်မရိုင်းအောင်
    ကြံတိုင်းအသစ်
    အမျိုးချစ်၍
    စင်စစ်မြန်မာ
    ဤကမ္ဘာဝယ်
    မှန်စွာတင့်တယ်
    ဂုဏ်ဝင့်ထည်အောင်
    မောင်မယ်ဟူမျှ
    ကြိုးစားကြစို့။       ။

နုခန့်ယဉ်(ရစ်ကန်ကြီး)