ရှမ်းပြည်နယ်အတွင်း အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်ဝသော သဘာဝမြေဩဇာများထုတ်လုပ်နိုင်ရေးဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်   ၉


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  ယမန်နေ့ နံနက် ပိုင်းက  တာဝန်ရှိသူများနှင့်အတူ ကျေးလက်   လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏  ၂၀၂၁   ဘဏ္ဍာရေးနှစ်၊ ခြောက်လရန်ပုံငွေဖြင့်  ဆောင်ရွက် ခဲ့သော တောင်ကြီးမြို့ရှိ ပြည်နယ် ရုံးအဆောက်အအုံသစ်  ဆောက် လုပ်ပြီးစီးမှုကို   ကြည့်ရှုစစ်ဆေး သည်။ ဆက်လက်၍ ပြည်နယ်ရုံး ၌   ဝန်ထမ်းများနှင့်   တွေ့ဆုံ၍ ဒုတိယဝန်ကြီးက   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏  မူဝါဒ၊  ရည်မှန်းချက်များနှင့် အညီ   ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရေး၊ စီမံ ကိန်းလုပ်ငန်းများ   သတ်မှတ် ဘဏ္ဍာနှစ်အလိုက်    အချိန်မီ ပြီးစီးရေး၊   ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊     စည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ကြရေး မှာကြားသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်     ရပ်စောက်မြို့နယ် သမဝါယမ  အသင်းစုလီမိတက် စွမ်းထက်     သဘာဝအားဖြည့် မြေဩဇာထုတ်လုပ်ရေး လုပ်ငန်း သို့ ရောက်ရှိပြီး အားဖြည့်သဘာဝ မြေဩဇာထုတ်လုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ     ဦးမျိုးမြင့်က ကြက်ချေးအခြေခံ   စွမ်းထက် သဘာဝ     အားဖြည့်မြေဩဇာ ထုတ်လုပ်မှု    အခြေအနေများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က         မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တောင်သူ လယ်သမားများ  အကျိုးဖြစ်ထွန်း စေမည့်    သဘာဝမြေဩဇာများ ထုတ်လုပ်မှုများကို    ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာများ  ထုတ်လုပ် ရာတွင်   အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းများနှင့်     ကိုက်ညီ စေရေး အလေးထားဆောင်ရွက် ကြရမည်        ဖြစ်ပါကြောင်း၊ တောင်သူများ၏    စိုက်ပျိုးရေး လုပ်ငန်းကို   အထောက်အကူပြု မည့်      သဘာဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်း     မှာကြားသည်။ ယင်းနောက်   စွမ်းထက်သဘာဝ အားဖြည့်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းအတွက် ပံ့ပိုးချေးငွေကျပ် သိန်း ၁၀၀ ကို သမဝါယမဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က    ထောက်ပံ့ ပေးအပ်ကာ      လုပ်ငန်းဆောင် ရွက်နေမှုများကို     ကြည့်ရှုခဲ့ကြ သည်။ 

 


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရေပူရွာ ပြည်နယ် သမဝါယမ      အသင်းစုချုပ်၏ စိုက်ပျိုးရေးခြံသို့     ရောက်ရှိပြီး သဘာဝအားဖြည့်  မြေဩဇာများ အသုံးပြု၍   စိုက်ပျိုးထားသော သီးနှံပင်များကို ကြည့်ရှုစစ်ဆေး ကာ        လုပ်ငန်းလိုအပ်ချက်များ အပေါ်  ညှိနှိုင်းပေါင်းစပ်  ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်