နှစ်ခြမ်းခွဲသုံးနိုင်သည့် Split Keyboard လုပ်ဆောင်ချက်သစ်ကို Gboard တွင် စတင်မိတ်ဆက်

 

ရန်ကုန် ဇူလိုင် ၈


မိုဘိုင်းဖုန်းများတွင်သုံးသည့်  ကီးဘုတ်များအနက် ကမ္ဘာပေါ်တွင်ရော    မြန်မာနိုင်ငံ၌ပါ    အသုံးပြုသူ အများဆုံးဖြစ်သည့်   Gboard   က  မျက်နှာပြင်ကို ခေါက်နိုင်သော(Foldable)ဖုန်းများနှင့် တက်ဘလက် များတွင်   စာရိုက်ရာတွင်   ပို၍အဆင်ပြေစေမည့် Split Keyboard  လုပ်ဆောင်ချက်သစ်ကို  စတင် ထည့်သွင်းပေး လိုက်ပြီဖြစ်သည်။

 


Split Keyboard လုပ်ဆောင်ချက်သည် သာမန် ဖုန်းများကို အသုံးပြုနေသူများအတွက် လိုအပ်သော လုပ်ဆောင်ချက်မဟုတ်ဘဲ ခေါက်နိုင်သောဖုန်းများ နှင့်    တက်ဘလက်များတွင်   လက်နှစ်ဖက်ဖြင့် စာရိုက်သူများအတွက်သာ အသုံးဝင်သော ကီးဘုတ် ကို နှစ်ခြမ်းခွဲဖော်ပြပေးသည့် လုပ်ဆောင်ချက်ဖြစ် သည်။ 

 


အဆိုပါ Split Keyboard လုပ်ဆောင်ချက်မှာ ဇွန် ၃၀ ရက်က ထွက်ရှိလာသော Gboard  စမ်းသပ် ဗားရှင်းအသစ်ဖြစ်သည့် ဗားရှင်း  11.9.04  တွင် စတင်ပါဝင်လာခြင်းဖြစ်သည်။ သို့သော် ယခုထွက် လာသည့် ဘီတာဗားရှင်းကို ခေါက်ဖုန်းအားလုံးနှင့် တက်ဘလက်အားလုံးတွင်     အသုံးပြုနိုင်မည် မဟုတ်ဘဲ ဆမ်ဆောင်း၏ ခေါက်ဖုန်းများဖြစ်သည့် Galaxy Fold,   Galaxy Z Fold 2   နှင့်   Galaxy Z Fold 3    မော်ဒယ်သုံးမျိုးတွင်သာ    အသုံးပြုနိုင် ကြောင်း၊ နောက်ပိုင်းတွင် အခြားဖုန်းမော်ဒယ်များပါ အသုံးပြုနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာမှ နည်း ပညာကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ သိရ သည်။ အဆိုပါ ဆမ်ဆောင်းခေါက်ဖုန်း မော်ဒယ် သုံးမျိုးကို သုံးနေသူများအနေဖြင့် Split Keyboard လုပ်ဆောင်ချက်ကို     အသုံးပြုလိုပါက   Gboard   ဗားရှင်း  11.9.04  ကို အပ်ဒိတ်လုပ်ပြီး Toolbar  ပေါ်တွင်ရှိသော Split Keyboard icon ကို နှိပ်လိုက် ရုံဖြင့်  Split Keyboard  ကို  အသုံးပြုနိုင်မည်ဖြစ် သည်။

 


Split Keyboard လုပ်ဆောင်ချက်သည် Google ကထုတ်လုပ်သည့်  Gboard  ကီးဘုတ်များတွင် ယခုမှ  ပထမဆုံးအနေဖြင့်  စတင်ပါဝင်လာသော် လည်း အခြားသော နိုင်ငံတကာမှ ဘာသာစကား အမျိုးမျိုးဖြင့် အသုံးပြုသည့် မိုဘိုင်းဖုန်းကီးဘုတ် များတွင်မူ ယခင်ကပင် တက်ဘလက်အသုံးပြုသူ များအတွက်   နှစ်ခြမ်းခွဲသုံးနိုင်သော   ကီးဘုတ် ဗားရှင်းများ ထုတ်လုပ်ထားပြီးဖြစ်သည်။


ကိုစိုး၊ ကိုးကား - Sammobile