နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  ဇူလိုင်  ၈


နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်   လားဟူဒီမိုကရက်တစ်အစည်းအရုံး  (LDU)  အထွေထွေအတွင်းရေးမှူး  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။                       

 


တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊       ပြည်ထောင်စုအစိုးရအဖွဲ့ရုံး   ဝန်ကြီးဌာန(၁)  ပြည်ထောင်စုဝန်ကြီး၊   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု    ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊     ငြိမ်းချမ်းရေး ဆွေးနွေး ရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်         လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ     အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန်၊ တွဲဖက်အတွင်းရေးမှူး (၂) ကျာယာကုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ကျာဖူးတို့ တက်ရောက်ကြသည်။ 

 


အမှာစကားပြောကြား


တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်  ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်နှင့် လားဟူဒီမိုကရက်တစ်   အစည်းအရုံး    (LDU) အထွေထွေအတွင်းရေးမှူး    ကျာဆော်လမွန်တို့က နှုတ်ခွန်းဆက်       အမှာစကားပြောကြားကြပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြ ကာ  တွေ့ဆုံဆွေးနွေးပွဲ   ပထမနေ့ကို   ရပ်နားလိုက် သည်။ 

 


တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၉ ရက် တွင်  ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း   သိရ သည်။ 

သတင်းစဉ်