နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်

 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားကြရမည်

 

နေပြည်တော်   ဇူလိုင်   ၈ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများတည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်း အမှတ်စဉ်(၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  နေပြည်တော် ဗဟိုသင်တန်းကျောင်း၌   ကိုဗစ်- ၁၉  ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က    သင်တန်းသားများအနေဖြင့်    အင်ဂျင်နီယာ ဆိုင်ရာ  စာပေပညာရပ်များကို  တတ်ကျွမ်းနားလည် စေရန်  အမြဲလေ့လာကြရမည်ဖြစ်ကြောင်း၊  ဝန်ထမ်း များ  အသိဉာဏ်ပညာ၊  ဆင်ခြင်တုံတရားမြင့်မားလာ ပြီး   အင်ဂျင်နီယာပညာ  အမှန်တကယ်  တတ်ကျွမ်း သည့်       ဝန်ထမ်းများ    ပေါ်ထွက်လာစေရန်အတွက် သင်တန်းများ ပို့ချပေးရခြင်းဖြစ်ပါကြောင်း၊  ဝန်ထမ်း စီမံခန့်ခွဲရေး၊           စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့်   AMI   စနစ်ကို   Energy Meter, Server , Data Base   နှင့်    ဆက်သွယ်ရေး နည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့်   မီတာဖတ်ရှုမှု စနစ်၊     ဓာတ်အား ကွပ်ကဲ / ထိန်းသိမ်း / မောင်းနှင် စနစ်တို့ ဖြင့် မိမိတို့ဝန်ကြီးဌာန  ဖွံ့ဖြိုးတိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး၊  Losses ကျဆင်းရေး၊   ဓာတ်အားဖြန့်ဖြူးသည့်     Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊           နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်    လျှပ်စစ်ကဏ္ဍသည်    အဓိက အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊   လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊  ပို့လွှတ်၊  ဖြန့်ဖြူးရောင်းချမှုစနစ်  ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် သင်တန်းသားများအနေ ဖြင့်  အကောင်းဆုံးဖြစ်အောင်  ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က   ဓာတ်အားခွဲရုံများ   တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း   သင်တန်းအမှတ်စဉ် (၃) တွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက   အင်ဂျင်နီယာများစီမံခန့်ခွဲ ရေးသင်တန်း အမှတ်စဉ်(၃)တွင် ထူးချွန်ဆုရရှိသူများ ကိုလည်းကောင်း       ဆုများပေးအပ်ချီးမြှင့်ကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့်  ဦးဆောင်ညွှန်ကြားရေးမှူး တို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား များထံ     ပေးအပ်ကာ   သင်တန်းသား  သင်တန်းသူ များကို  ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ကြောင်း သိရသည်။                                        

သတင်းစဉ်