အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေး ကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းစည်းဝေး

 

နေပြည်တော်   ဇူလိုင်   ၈


လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊  ပြန်လည်ထူထောင်ရေးဦးစီး ဌာနနှင့်         အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး        ဗဟိုဌာန (ARMAC) တို့ ပူးပေါင်း၍ အာဆီယံ ဒေသတွင်း    မိုင်းကြောင့်ထိခိုက် ဒဏ်ရာရသူများ     ထောက်ပံ့ရေး ကွန်ရက်   တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်    ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင်   နေပြည်တော်ရှိ    ရွှေစံအိမ် ဟိုတယ်၌ Hybrid ပုံစံဖြင့်  ကျင်းပသည်။

 


အခမ်းအနားတွင်     လူမှု ဝန်ထမ်း၊        ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး ဒေါက်တာ     သက်သက်ခိုင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ          မိုင်းထိပြည်သူ တစ်ဦးလျှင်    နှစ်သိန်းနှုန်းဖြင့် ၆၉၂  ဦးအတွက်    မိုင်းထောက်ပံ့ ကြေး      စုစုပေါင်းငွေကျပ် ၁၃၈၄၀၀၀၀ဝ တိတိကို ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် Anti-Personnel Mine Ban Convention (APMBC)   အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း          မိုင်း အန္တရာယ်ဆိုင်ရာ    လုပ်ငန်းစဉ် တို့ကို     ဆောင်ရွက်လျက်  ရှိပါ ကြောင်း၊    မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်တို့ကို  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့်      ဆက်စပ်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော် လည်း       မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များသည် အမျိုးသမီး များကို   နည်းမျိုးစုံဖြင့်    ခွဲခြား ဆက်ဆံမှု    ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ        ကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏   အခွင့်အရေး များဆိုင်ရာ   ကုလသမဂ္ဂ  ကွန်ဗင်း ရှင်းတို့ကို   အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်      ချိတ်ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးနှင့်   ASEAN Regional Mine Action Center  (ARMAC) မှ    Executive Director   ဖြစ်သူ Mr. Prum Suonpraseth    တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားကြသည်။

 


အစည်းအဝေးသို့ သက်ဆိုင် ရာဝန်ကြီးဌာနများမှ    တာဝန်ရှိ သူများ  မြန်မာနိုင်ငံ  အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင် နှင့်     ကလေးစောင့်ရှောက်ရေး အသင်း၊  မြန်မာနိုင်ငံ   ကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ၊ မိုင်း အန္တရာယ်   အသိပညာပေးလုပ်ငန်း အဖွဲ့ အဖွဲ့ဝင်များ၊ အာဆီယံဒေသ တွင်း   မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ    တာဝန်ရှိသူများ၊ မိုင်းကြောင့်  ထိခိုက်ဒဏ်ရာရရှိသူ များတက်ရောက်ကြပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ    တာဝန်ရှိသူ များက Online ဖြင့် တက်ရောက် ကြသည်။

 


အစည်းအဝေး       ဒုတိယပိုင်း တွင်     ပြန်လည်ထူထောင်ရေး ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက  ဦးဆောင်၍ Panel Discussion      အဖြစ်  မိုင်းကြောင့်  ထိခိုက်ဒဏ်ရာရသူ များကို      ကူညီထောက်ပံ့ရေး အတွက်    အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်     ကြုံတွေ့ရ သည့်     အလေ့အထကောင်းများ၊ အခက်အခဲများနှင့်    စပ်လျဉ်း၍ သတင်းအချက်အလက်  စီမံခန့်ခွဲ ခြင်း/ ကောက်ယူခြင်း၊   ဆေးပညာ အရ  အထူးပြုစုစောင့်ရှောက်ခြင်း နှင့် လက်ရှိစောင့်ရှောက်မှု၊ ရုပ်ပိုင်း ဆိုင်ရာ   ပြန်လည်ထူထောင်ခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ     ပံ့ပိုးမှု ပေးခြင်း၊  လူမှု- စီးပွား ပေါင်းစည်း ဆောင်ရွက်ခြင်း/       ပညာရေး၊ ဥပဒေနှင့် မူဝါဒများ    ခေါင်းစဉ် တို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

 


ဆက်လက်၍   ညွှန်ကြားရေး မှူးချုပ်     ဦးအောင်ကျော်မိုးနှင့် ARMAC အမှုဆောင် ညွှန်ကြားရေး မှူးတို့က  ညှိနှိုင်းအစည်းအဝေး အနှစ်ချုပ်နှင့်   ရှေ့လုပ်ငန်းစဉ် တို့ကို     ဆွေးနွေးအတည်ပြုခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်