နေပြည်တော် ဇူလိုင် ၈
၂၀၂၂ ခုနှစ် ပညာရည် ထူးချွန်သူ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းထူးချွန်သူ ဝန်ထမ်း များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးဟူသည့် ပညာရေးဆိုင်ရာ အမျိုးသားရေးမျှော်မှန်းချက်ကို ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ခေတ် စနစ်နှင့်လျော်ညီစွာ စီမံကိန်းများဖြင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံသား တိုင်း အခြေခံပညာကို ကောင်းမွန်စွာ သင်ယူ တတ်မြောက်ရေး၊ ကျောင်းသား/ကျောင်းသူ လူငယ် များ ဘက်စုံထူးချွန်ထက်မြက်ပြီး နိုင်ငံတကာ အဆင့်မီ ပညာရည်မြင့်မားရေးနှင့် အရည်အသွေး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာရေးဟူ၍ စနစ်တကျ စီမံဆောင်ရွက်လျက် ရှိပါ ကြောင်း၊ နိုင်ငံတော်အစိုးရက မျိုးဆက်သစ်လူငယ် များကို ပညာရည်အဆင့်အတန်း၊ အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ပြည့်စုံစေပြီး အမျိုးသားပညာရည် မြင့်မားစေရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင် ချီးမြှင့်ပံ့ပိုးသည့်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်သည့်အခါ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းတို့ကို နှစ်စဉ်ချီးမြှင့် ပေးလျက်ရှိပါ ကြောင်း၊ ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ် ရန် ယခုရရှိထားသည့် ထူးချွန်မှု အောင်မြင်မှုများနှင့် ကျေနပ်မနေသင့်ဘဲ ဆတက်ထမ်းပိုး ကြိုးစားသွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာသင် ထောက်ပံ့ကြေးများကို အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံသို့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦးကို ၁၆ ပဲရည် ရွှေတစ်ကျပ်သားဆွဲပြားကို လည်းကောင်း၊ ဒုတိယ ဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦးကို ၁၆ ပဲရည် ရွှေ(၃)မတ်သား ရွှေဆွဲပြားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များက ဂုဏ်ထူးဖြင့်အောင်မြင်သူများကို တစ်ဘာသာလျှင် (၁) သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ သင်တန်းများတွင် ထူးချွန်ဆုရခဲ့သည့် ဝန်ထမ်းများ ကို ဆုများအသီးသီးချီးမြှင့်ပြီး ဆုရရှိသူ ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယနေ့ ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားတွင် ငွေကျပ် ၂၃၁၉၀၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



