ရန်ကုန် ဇူလိုင် ၈
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များသည် ယနေ့ နံနက် ၇ နာရီက ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင်လမ်းနှင့် အာဇာနည် လမ်းထောင့်ရှိ အာဇာနည်ဗိမာန်သို့ သွားရောက် ၍(၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် အကြို ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် အာဇာနည်ဗိမာန် တွင် အများပြည်သူလူထု ဝင်ရောက် ဂါရဝပြုမည့် လမ်းတစ်လျှောက် ပြင်ဆင်ထားမှုနှင့် အများသုံးသန့်စင် ခန်း ပြုပြင်ထားမှုကို ကြည့်ရှု စစ်ဆေးပြီး လမ်း ဝဲ/ယာ သန့်ရှင်း သာယာရေးလုပ်ငန်းများ ဆောင် ရွက်ရန်နှင့် လမ်းပေါက်များ ဖာထေးပြုပြင်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော် ဝန်နှင့် အဖွဲ့သည် အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံးသို့ သွားရောက်၍ ကွပ်ကဲရေးရုံး အတွင်း အပြင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက် ထားမှု၊ အာဇာနည်ခေါင်းဆောင် ကြီးများ၏ မိသားစုများနားနေရန် ပြင်ဆင်ထားမှုနှင့် သန့်စင်ခန်း အသစ် တည်ဆောက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး အဝင်လမ်း ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှိုက်များ ဆယ်ယူရှင်းလင်းရန်၊ မြေယာရှုခင်း များ ပြုပြင်ရန်၊ သစ်ပင်ကြီးများ အလင်းဖွင့်၍ အောက်တက်များ ရှင်းလင်းရန်နှင့် သွေးဆေးကန် ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သွေးဆေးကန် ရေလျှံပေါက် မြေအောက်ရေမြောင်း ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်



