ကျွန်တော်တို့အနေနဲ့ သတ်ဖြတ်သွားတဲ့ တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိတယ်။
မြန်မာနိုင်ငံ တမူးမြို့၌ ဇူလိုင်လ ၅ ရက်နေ့က အိန္ဒိယနိုင်ငံသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံဘက်ခြမ်းမှ လူ ၅၀ ဦးက ဆန္ဒပြခဲ့ကြပြီး တမူးမြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အား ခဲများဖြင့်ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ဖြေကြားခဲ့ပါသည်-
“ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက် က တမူးမြို့ စော်ဘွားကုန်းရပ်ကွက်မှာ အမျိုးသားနှစ်ယောက်သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့ရတဲ့ အကြောင်းကို တရားခံတွေထဲကပဲ ကျွန်တော်တို့ကို သတင်းပို့ပါတယ်။ ဒါကြောင့် တမူးမှာရှိတဲ့ ရဲစခန်း က မြို့နယ်မှူးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေ့လယ် ၁၂ နာရီ ၄၅ လောက်မှာ သွားရောက်စစ်ဆေး ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ဟိန္ဒူလူမျိုးလို့ယူဆရတဲ့ အသက် ၃၅ နှစ်ခန့်ရှိ အရွယ်အမျိုးသားတစ်ယောက်၊ အသက် ၃၂ နှစ်ခန့်လို့ ခန့်မှန်းမိတဲ့ အမျိုးသား တစ်ယောက်၊ ဒဏ်ရာတွေကတော့ သေနတ်နဲ့ ပစ်သွားတာချည်းပဲ၊ ဦးခေါင်းတွေပဲထိမှန်တဲ့အနေ အထားရှိပါတယ်။ သေဆုံးနေတာတွေ့ရတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့ တွေဟာ အနီးနားပတ်ဝန်းကျင်ကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ၁၂ နာရီခွဲလောက်မှာ အဲ့ဒီ နှစ်ယောက်ဟာ စော်ဘွားရပ်ကွက်အတွင်းကို ဆိုင်ကယ်တစ်စီးနဲ့ ဝင်လာတယ်။ နှစ်ယောက်လုံး အတူတူစီးကြတာပဲ၊ ဆိုင်ကယ်တစ်စီးနဲ့ ဝင်လာ တယ်။ ဝင်လာတဲ့အချိန်မှာပဲ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ က သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့သိရ တယ်။ အဲ့ဒါကြောင့် အလောင်းတွေကို ကျွန်တော်တို့ က တမူးဆေးရုံကိုပို့တယ်။ တစ်နာရီခွဲလောက်မှာ ရောက်တယ်။ တမူးရဲစခန်းမှာ သေမှုသေခင်းဖွင့် တယ်။ ဖွင့်ပြီးတော့ အဲ့ဒီအလောင်းတွေအကုန်လုံး ကို မြို့မိ၊ မြို့ဖတွေ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး တွေနဲ့ သတင်းစုံစမ်းစစ်ဆေးခဲ့တယ်။ ဆောင်ရွက် ခဲ့တယ်။ အဲ့ဒီမှာ လာရောက်ဆက်သွယ်တာတော့ မရှိခဲ့ဘူးဗျ။ မရှိခဲ့တဲ့အတွက်ကြောင့် ၆ ရက်နေ့ မနက် ၇ နာရီမှာ တမူးမြို့သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ တယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဇူလိုင်လ ၆ ရက်နေ့ ဖြစ်စဉ်ဖြစ်ပြီးနောက်တစ်နေ့ နေ့လယ် ၁နာရီခွဲလောက်မှာမှ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Moreh မြို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ကျွန်တော်တို့ဆီကို ဖုန်းနဲ့ ဆက်သွယ်လာတယ်။ ဆက်သွယ်လာပြီးတော့ အဲ့ဒီသေဆုံးသူတွေက Moreh မြို့ ဟိန္ဒူရပ်ကွက်က တီမိုဟန် ၂၈ နှစ်နဲ့ အာရ်ဂျန် ၃၅ နှစ် ဖြစ်တယ် ဆိုပြီးတော့ ကျွန်တော်တို့ကို ပြောလာတယ်။
ဇူလိုင်လ ၅ ရက်မှာ မြန်မာ-အိန္ဒိယနယ်စပ် ပန်းပဲတန်းပေါက် (ဒေသအခေါ်ပေါ့)ကနေ မြန်မာနိုင်ငံထဲကို ရောက်လာတဲ့လူတွေဖြစ်တယ်လို့ ပြောပြချက်အရ သိရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ပြန်ပြီးတော့ဆက်သွယ်ပါတယ်။ သူတို့ တရားဝင် ဝင်လာလား ဆိုပြီးမေးတဲ့အခါ တရားဝင် ဝင်ရောက်တာမျိုးတော့ မရှိပါဘူး။ အဲ့ဒီဘက်မှာလည်း အများစုအတွက်က တမူး-Moreh ဆိုတာ ဆက်စပ်နေတဲ့နယ်မြေ ဖြစ်တဲ့အတွက်ကြောင့်မလို့ သွားလာကူးသန်းမှုတွေ ရှိတယ်။ တရားဝင် ဝင်ရောက်တာ၊ မရောက်တာက တော့ အဓိကတော့မဟုတ်ဘူး၊ သွားလာကူးသန်းမှုတွေ ရှိတယ်။ အဲ့ဒီမှာလည်း ၅ ရက်နေ့က တမူးမြို့နယ် ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနရုံးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက် ဖျက်ဆီးခဲ့တာတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တာတွေ ရှိပါတယ်ဗျ။ အဲ့ဒါကတော့ ကညနရုံးမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့တယ်။ အဲ့ဒီမတိုင်ခင်မှာ တစ်ယောက်အသတ်ခံ ခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အိန္ဒိယဘက်ခြမ်းက လူ ၅၀ ယောက်လောက် ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်။ အဲ့ဒီနှစ်ဦး သေဆုံးတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ တမူးဘက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ခဲနဲ့ ပစ်ပေါက်ခဲ့တာတော့ ရှိပါတယ်။ သို့သော် Moreh နယ်စပ်ကုန်သွယ်ရေးအသင်းက တာဝန်ရှိသူတွေ အနေနဲ့ နှစ်နိုင်ငံလုံခြုံရေးအဖွဲ့တွေနဲ့ ဖြေရှင်းပေးလိုက်တဲ့အတွက်ကြောင့်မလို့ သူတို့အေးအေး ချမ်းချမ်းပဲ လူစုခွဲထွက်ခွာသွားတာရှိပါတယ်။ အဲ့ဒီ ဖြစ်စဉ်နောက်ပိုင်းတွေမှာတော့ Moreh မြို့မှာရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာတာရှိတယ်။ မြန်မာနိုင်ငံဘက် က လုံခြုံရေးတပ်ဖွဲ့တွေကလည်း Moreh ဘက်ကို အကြောင်းကြားတာရှိတယ်။ အကြောင်းကြားပြီး တော့ နှစ်ဖက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရတယ်။ ပြဿနာကတော့ပြေလည်သွားတာရှိပါတယ်။ အဲ့ဒီမှာ စွပ်စွဲချက်တွေတော့လာတာပေါ့။ ထုံးစံ အတိုင်းပဲ။ ထိုကိစ္စမှာ တပ်ကပဲပစ်သယောင်နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေဖို့အတွက် တပ်ကပဲပစ်ခတ်သယောင်လုပ်ခဲ့တာ။ သို့သော် နှစ်နိုင်ငံတပ်များအနေနဲ့ ဆက်သွယ်မှု၊ ဆက်ဆံမှု အမြဲတမ်းရှိတယ်။ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ အားလုံးလည်းသိပြီးဖြစ်တဲ့အတွက် ပြဿနာတွေ တော့ ပြေလည် သွားပါပြီ။ အိန္ဒိယနိုင်ငံအနေနဲ့တော့ ဒီဟာနဲ့ပတ်သက်ပြီးရင် နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်းဆက်သွယ်ပြီး မေးမြန်းနေတာလည်း ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့အချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာလည်းရှိတယ်။ အားလုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သတ်သွားသည့်လူတွေနဲ့ပတ်သက်ပြီးရင် တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင် နေပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ အရင်ကတည်းကတိုင် ကျွန်တော်တို့က အိန္ဒိယနဲ့ မြန်မာကြားထဲမှာ အချင်းချင်း သဘောတူညီချက်ရှိ ပြီးဖြစ်တယ်။ အိန္ဒိယကို ဆန့်ကျင်နေတဲ့အဖွဲ့အစည်း တွေ အနေနဲ့လည်း မြန်မာနိုင်ငံထဲမှာ ဝင်ရောက် အခြေပြုတာ၊ အခြေချတာ၊ လှုပ်ရှားတာမျိုးမလုပ် အောင် မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း တွေအနေနဲ့လည်း အိန္ဒိယနိုင်ငံထဲမှာ ဝင်ရောက် အခြေပြု၊ အခြေချ၊ လှုပ်ရှားတာမျိုးမရှိအောင် ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက် လျက်ရှိတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ အသေးစိတ်စုံစမ်းဆောင်ရွက်လျက်ရှိပြီး အိန္ဒိယ နိုင်ငံချစ်ကြည်ရေးနှင့်ပတ်သက်ပြီးတော့ မထိခိုက် အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်”
အမြန်ဆုံးဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိ
“အဲ့ဒီမှာတော့ နယ်စပ်ဒေသမြို့ဖြစ်တာနဲ့အညီ ယခင်ကတည်းကတိုင် ဒီလိုမျိုးအသတ်ခံရတဲ့ ပြဿနာမျိုးလေးတွေရှိခဲ့တယ်။ အဲ့ဒီဘက်မှာလည်း အဖွဲ့အစည်းတွေက တချို့သောတရားမဝင် လက် နက်ကိုင်အဖွဲ့အစည်းတွေစုံတယ်။ ကူကီးအဖွဲ့ တွေတို့၊ ကသည်းအဖွဲ့တွေတို့ ရှိခဲ့တာမျိုးတွေရှိတယ်။ အခုနောက်ပိုင်းမှာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေ ပေါ်တဲ့အခါမှာ သူတို့ကိုယ်တိုင်ကြေညာချက်ထုတ်ထားတာပဲ။ တမူးမြို့ပြပြောက်ကျားအဖွဲ့ လိုမျိုး အကြမ်းဖက်အဖွဲ့မျိုးတွေ၊ တမူး PDF အဖွဲ့လို အကြမ်းဖက်အဖွဲ့မျိုးတွေ သူတို့ရဲ့ထုတ်ပြန်ချက်အရ တမူးဘက်မှာကိုပဲ PDF တပ်ရင်း သုံးရင်းလောက် ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာရှိတယ်။ ယခင်ကလည်း ကျွန်တော်တို့ မိခဲ့တဲ့ဟာတွေရှိပါတယ်။ တမူးမှာရှိ နေတဲ့ တချို့သောစီးပွားရေးလုပ်ငန်းရှင်တွေက ဒီအကြမ်းဖက် PDF တွေကိုထောက်ပံ့နေလို့ ကျွန်တော်တို့ သတင်းထုတ်ပြန်ခဲ့ရတာတွေလည်းရှိ တယ်။ ဖမ်းဆီးမေးမြန်းခဲ့ရတဲ့တာတွေလည်း ရှိတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့တစ်လပိုင်းက တမူးအကျဉ်းစခန်း အုတ်ဖိုကန်ပေါင်အကျဉ်းစခန်း တမူးက PDF တပ်ရင်းအမည်ခံ အကြမ်းဖက်အဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့လို့ လက်နက်တွေပါသွားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါ့အပြင် တချို့ ရှိနေတာ စီးပွားရေးအရ ဆောင်ရွက်ကြတဲ့အခါ မကျေလည်မှုတွေရှိလို့ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကြီး တွေလည်းရှိတယ်။ ဒီဟာတွေဖြစ်စဉ်မျိုးတွေ လည်းရှိတယ်။ ယခုဟာကတော့ ကျွန်တော်တို့ အနေနဲ့ ဒီPDF အဖွဲ့တွေ၊ တမူးမှာရှိတဲ့ PDF အဖွဲ့တွေအနေနဲ့အလစ်မှာ လုပ်ကြံသတ်ဖြတ် သွားတယ်လို့ပဲ ကျွန်တော်တို့ ယူဆတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်ထပ်မံပြီး ဖြည့်စွက်ပြောလို တာကတော့ ကျွန်တော်တို့နဲ့ အိန္ဒိယနိုင်ငံနဲ့က ကြာရှည်ရင်းနှီးတဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ရှိပြီး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဘက်ရဲ့ စိုးရိမ်ပူပန်မှု ကိုလည်း ကျွန်တော်တို့ သိရှိနားလည်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ သတ်ဖြတ်သွား တဲ့ တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေး ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိတယ်။ တချို့သော အိန္ဒိယနဲ့မြန်မာ နယ်စပ်မတည်မငြိမ်ရေး ဖြစ်လာ စေရေး၊ အိန္ဒိယနှင့်မြန်မာ အစိုးရနှစ်ရပ်အကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေရေးအတွက် အချို့သောမီဒီယာတွေ၊ အချို့သောလှုံ့ဆော်သူတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒါတွေကို တမူးမှာရှိတဲ့ဒေသခံတွေကော ဟိုဘက်အိန္ဒိယ ဘက်ခြမ်းမှာရှိတဲ့ Moreh မှာရှိတဲ့ ဒေသခံတွေ အားလုံးကနားလည်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ခိုင်မြဲစွာဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့များနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက် သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်”



