နေပြည်တော် ဇူလိုင် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေ့နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
၉-၇-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို အတွဲ (၅၄)၊ အမှတ် (၂၈)တွင် မိဘနှင့် သားသမီးကွဲကွာရခြင်းဒုက္ခသည် အင်မတန်ပူဆွေးသောက ရောက်ရပုံကို ကိုယ်တိုင်ခံစားလိုက်ရသည့် အာတူးအကြောင်း တင်ဆက်ထားသည့် “ကွဲကွာရခြင်းဒုက္ခ” မျက်နှာဖုံး ကာတွန်း၊ လူသားတို့၏ မျက်ရည်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “မျက်ရည်ဆိုတာ” သုတဆောင်းပါး၊ ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဟင်းကောင်းချက်သော အိမ်တွင်ဧည့်သည် လုပ်ကာ ထမင်းလိုက်စားတတ်သော ဦးထွေးအကြောင်းကို ဟာသ ဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖြိုးရဲ-ဧည့်သည်” နှစ်မျက်နှာကာတွန်း၊ သီးပင် စားပင်များကို အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ရုံဖြင့် မိသားစု၏ မီးဖိုချောင်ကို ဖူလုံစေသည့်အပြင် သစ်ပင်စိုက်ပျိုး ခြင်း၏ အကျိုးကျေးဇူးကို တင်ဆက်ထားသည့် “ကမ္ဘာကြီးစိမ်းလန်းပါစေ” ဝတ္ထုကဏ္ဍ၊ အစား စားရာတွင် ဓာတ်မတည့်သော အစားအစာများကို တွဲဖက်မစားမိစေရန် သတိပြုဆင်ခြင်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထား သည့် “မေ့မေ့ကိုချစ်လို့” တစ်မျက်နှာကာတွန်း၊ ပုံပြင်ကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍအပါအဝင် အင်္ဂလိပ်စကားဝိုင်း ကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်



