အမ်းမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်မည့် ပြည်သူများအား ထောက်ပံ့ငွေ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  ဇူလိုင်   ၆


ရခိုင်ပြည်နယ်    အမ်းမြို့နယ်ရှိ ယာယီတိုင်ပွဲရှောင်စခန်းများတွင် နေထိုင်လျက်ရှိသည့် ကဇူးကိုင်း ကျေးရွာအုပ်စုနှင့်      ဒါးလက် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ များမှ    နေရပ်ပြန်မည့်    ယာယီ တိုက်ပွဲရှောင်ပြည်သူများကို ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊     ရခိုင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အနောက် ပိုင်း      တိုင်းစစ်ဌာနချုပ်တို့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ ငွေ၊ ဆန်နှင့်   ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ကို     ယနေ့      မွန်းလွဲပိုင်းက အမ်းမြို့ရှိ   အားကစားခန်းမ၌ ကျင်းပရာ    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် ထင်လတ်ဦးနှင့်    အဖွဲ့ဝင်များ၊ အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ    ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊     ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယာယီတိုက်ပွဲ ရှောင်    အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။    ထို့နောက် တိုင်းမှူးနှင့်      တာဝန်ရှိသူများ က   ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု   ၁၅၁   စုအတွက် ရခိုင်ပြည်နယ်       အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ် ရာ     ယာယီ       တိုက်ပွဲရှောင် အိမ်ထောင်စုဝင်များက  လက်ခံ ရယူကြပြီး ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ   ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား  ပြန်လည်ပြောကြား သည်။

 

ယင်းနောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက ယာယီတိုက်ပွဲ ရှောင်   အိမ်ထောင်စုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်