နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို  ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

(ယမန်နေ့မှအဆက်)


Bullet News ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက မိမိအနေဖြင့် မေးခွန်းနှစ်ခုမေးမြန်းလိုကြောင်း၊   ပထမမေးခွန်းအနေဖြင့်   ပထမ အကြိမ် လွှတ်တော်ကာလတွင် မူဆယ်နှင့် မန္တလေးသွားသည့်လမ်းပေါ် တွင်ရှိသည့် ဂုတ်တွင်းကားလမ်းပေါ်၌ တံတားထိုးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ရာ ဝန်ကြီးက မိမိကို စာဖြင့်အကြောင်းပြန်၍ ဖြေကြား ခဲ့ကြောင်း၊ ကိုရီးယားကုမ္ပဏီနှင့်   Survey   လုပ်နေပါပြီဟု  ပြောခဲ့ ကြောင်း၊ အဆိုပါ လမ်းမှာ ယခုအချိန်တွင် အင်မတန်အရေးကြီးသည့် လမ်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်စည်စီးဆင်းမှုမှာ ထိုလမ်းကို အားကိုးအားထားပြုနေရကြောင်း၊    ထိုလမ်းပိတ်သွားမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကဲ့သို့သော အခက်အခဲများဖြစ်ပေါ်လာနိုင်  ကြောင်း၊ ထို့ကြောင့် အဆိုပါ တံတားတည်ဆောက်မည့် အစီအစဉ်ကို ယခုနောက်ပိုင်းမှ   ရပ်တန့်ခဲ့ခြင်း  ဟုတ်၊  မဟုတ်နှင့်  မည်ကဲ့သို့သော အခြေအနေရှိသည်ကို    သိလိုခြင်းဖြစ်ကြောင်း၊   ဒုတိယမေးခွန်းမှာ ဒုတိယအကြိမ် NLD လွှတ်တော်ကာလတွင် တင်ပြခဲ့သည့် မီတာခကိစ္စ ဖြစ်ကြောင်း၊ မီတာခကောက်ခံရာတွင် အိမ်တစ်အိမ်၏ မီတာသုံးစွဲမှုနှင့် မီတာခမည်မျှကျသင့်သည်ကို   မြို့နယ်လျှပ်စစ်ရုံးက   သိမည်ဖြစ် ကြောင်း၊ ထို့နောက် အိမ်ပိုင်ရှင်၏ ဖုန်းထဲသို့  ၎င်း၏အိမ်က မီတာခ မည်မျှကျသင့်သည်ကို    ဖုန်းဖြင့်   အကြောင်းကြားမည်ဖြစ်ကြောင်း၊ ပြီးနောက်   မီတာသုံးစွဲသူကလည်း   ဖုန်းဖြင့်တစ်ခါတည်း   မီတာခ ပေးဆောင်လိုက်ကြောင်း၊   အင်မတန်ကောင်းသည့်  အစီအစဉ်ဖြစ် ကြောင်း၊ ထိုအစီအစဉ်ကို NLD က ပယ်ချလိုက်သည်ဟု သိရကြောင်း၊ ယခုအချိန်တွင် မီတာကိုဖတ်၍ စာရွက်ဖြင့်လာပေးကြောင်း၊ တံခါး ကြားတွင်   ညှပ်ခဲ့ကြောင်း၊   မိုးရွာခြင်း၊   လေတိုက်ခြင်းတို့ကြောင့် ရံဖန်ရံခါတွင် မီတာစာရွက်များ ပျောက်ဆုံးသွားကြောင်း၊ ထိုအချိန်တွင် မီတာခပေးဆောင်ရန်    သတ်မှတ်ကာလကို   ကျော်လွန်သွားသဖြင့် ဒဏ်ကြေးဆောင်ရကြောင်း၊ ထိုကဲ့သို့ ဒဏ်ကြေးဆောင်ရသည့် ကိစ္စမှာ လည်း ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ ထို့ကြောင့် မီတာ Box  များကို ယခင်လွှတ်တော်တွင်တင်ပြခဲ့သည့်အတိုင်း ပြန်လည်အကောင်အထည် ဖော် ဆောင်ရွက်စေလိုကြောင်း၊ ယခုလက်ရှိအသုံးပြုနေသည့် မီတာ Box များကို လျှပ်စစ်ရုံးမှ တစ်ပါတည်းစစ်ဆေးနိုင်သည့် မီတာ Box များနှင့် အစားထိုးတပ်ဆင်၍ မီတာခကျသင့်ငွေကို ဖုန်းဖြင့် ပေးဆောင် နိုင်သည့်စနစ်မျိုး အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိ/မရှိ သိလို ကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်   ဇော်မင်းထွန်း  က    ဂုတ်ထိပ်တံတား   စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း  အချို့ကိစ္စများကို ၎င်းတို့၏ Website တွင် တင်ထားကြောင်း၊ ပဏာမစီမံကိန်းဖြစ်သည့် လေ့လာဆန်းစစ်ချက်များကို ကိုရီးယားကုမ္ပဏီနှင့် ဆောင်ရွက်ခဲ့သည် ဟု သိရကြောင်း၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မှာ ကုမ္ပဏီတစ်ခုက BOT စနစ်ဖြင့် ဆောင်ရွက်နေသည်ဟု သိရကြောင်း၊ ဂုတ်ထိပ်တံတားစီမံကိန်း ဆောင်ရွက်ခွင့်ပြုရန်အတွက် ထိုကုမ္ပဏီက အဆိုပြုခဲ့ကြောင်း၊ ထိုအဆိုပြုချက်နှင့်ပတ်သက်၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန၏အကြံပြုချက်အရ တင်ဒါယှဉ်ပြိုင် ခြင်းနည်းဖြင့် တင်ဒါခေါ်ယူခဲ့ရာ လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ မရှိကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ Website တွင်လည်း ကြေညာထားကြောင်း၊ ဂုတ်ထိပ်တံတားစီမံကိန်းကို ဆောင်ရွက်နေ သည့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည့် ထိုကုမ္ပဏီ နှင့်သာ BOT စနစ်ဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရေး သဘောထား မှတ်ချက်များရယူ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာနနှင့် အဆိုပါကုမ္ပဏီတို့အကြား ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တံတားတည်ဆောက်ခွင့်ပြုရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို တင်ပြခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း မူအားဖြင့် ခွင့်ပြုပြီးဖြစ်ကြောင်း၊ ကုမ္ပဏီ အနေဖြင့် စီမံကိန်းတန်ဖိုးအသေးစိတ်ကို ထပ်မံတွက်ချက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံနိုင်မည့်    လုံလောက်သည့်  ငွေကြေးရရှိနိုင်ရေး   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားဦးစီးဌာနအနေဖြင့်လည်း ဘဏ္ဍာ ရေးဆိုင်ရာ ကိစ္စရပ်များကို ကုမ္ပဏီနှင့် စိစစ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး ထိုကိစ္စများပြီးစီးပါက ဆက်လက်တင်ပြ၍ ခွင့်ပြုချက်ရရှိပါက  လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  ခွင့်ပြုချက်ရရှိရေး   ဆက်လက်ဆောင်ရွက်ပြီး   စီမံကိန်းအကောင် အထည်ဖော်ရေးကို    ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တံတား၏တည်နေရာနှင့် ချဉ်းကပ်လမ်းများတွင် ပါဝင် နေသည့် မြေနေရာများအတွက် မြေနေရာ လျော်ကြေးများ အားလုံး နီးပါးပေးလျော်၍ မြေယာပိုင်ဆိုင်မှုကိစ္စများကို အားလုံးဆောင်ရွက် ပြီးဖြစ်ကြောင်း၊ တံတားပုံစံအတွက် အသေးစိတ် ဒီဇိုင်းပုံစံများကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း၊ စီမံကိန်းအမှန်တကယ် စတင်ဆောင်ရွက်သည့် အချိန်တွင် ပွင့်လင်းမြင်သာစွာဖြင့် အသိပေး၍ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီတာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လုပ်ဆောင်နေကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် အစီအစဉ် များကို လုပ်ဆောင်နေကြောင်း၊ အသေးစိတ်အချက်အလက်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးရန် မေတ္တာရပ်ခံပါကြောင်း ပြန်လည်ဖြေကြားသည်။

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍  ထုတ်လုပ် ခြင်း၊   ပို့လွှတ်ခြင်း၊   ဖြန့်ဖြူးခြင်းဟုဆိုသည့်  အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊   ထိုသို့ဆောင်ရွက်ရာတွင်   ဓာတ်အား ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဖြစ်သည့်အတွက် Losses ဟုဆိုတာ ရှိပါ ကြောင်း၊ အင်ဂျင်နီယာသဘောတရားအရ ပြောရမည်ဆိုပါက Tech-nical Losses နှင့်  Non-Technical Losses ဟူ၍  နှစ်ခုရှိကြောင်း၊ Technical Losses ကျဆင်းရေးအတွက် မိမိတို့အနေဖြင့် ဓာတ်အား လိုင်းတည်ဆောက်ခြင်း၊   ဓာတ်အားခွဲရုံများ   တည်ဆောက်ခြင်း၊ မြို့နယ်များတွင် Transformer များ တိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အား လိုင်းကြိုးများ လဲလှယ်တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ Non-Technical Losses အနေဖြင့်ကြည့်မည်ဆိုပါက မိမိတို့ဌာန၌ မီတာအလုံးရှစ်ရာအတွက်    မီတာဖတ်စာရေးတစ်ဦးသာရှိကြောင်း၊ လူကိုယ်တိုင်သွားရောက် ဖတ်ရှုခြင်းဖြစ်သည့်အတွက် ဖတ်ရှုသူများ ၏ လွဲမှားမှုကြောင့် Losses များလည်း ဖြစ်ပေါ်နိုင်ကြောင်း၊ အခြား တစ်ခုမှာ လျှပ်စစ်မီးသုံးစွဲသူများ၏ မီတာဖတ်ရှုမှု မမှန်ကန်စေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်မှုများဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်ဆောင် မှုများကြောင့် Losses များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါ Losses များကို ဖြေရှင်းနိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် AMI ဟုဆိုသည့် Advanced Metering Infrastructure စနစ်ကို စတင်ကျင့်သုံးဆောင် ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၉ မြို့နယ်တွင်   ဆောင်ရွက်လျက်ရှိကြောင်း၊  ဆောင်ရွက်ပြီးစီးသည့် မြို့နယ်များတွင် ယခင်ကဓာတ်အား ပျောက်ဆုံးမှု ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်အထိရှိနေရာမှ ယခုအချိန်တွင် ၆ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဓာတ်အားပျောက်ဆုံးမှု  ၉ ရာခိုင်နှုန်းခန့် သက်သာခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါစနစ်တွင် ဓာတ်အားရောင်းချသူနှင့်  ဓာတ်အားသုံးစွဲသူများအကြား   ပွင့်လင်း မြင်သာမှုရှိကြောင်း။

 


ယခုစနစ်ကို အကောင်အထည်ဖော်ပြီးစီးပါက လျှပ်စစ်မီးသုံးစွဲသူ များအတွက် Mobile Application တစ်ခုပေးမည်ဖြစ်ကြောင်း၊ ထို Application  မှတစ်ဆင့်    မိမိနေ့စဉ်သုံးစွဲနေသည့်     ပမာဏနှင့် အချက်အလက်များကို   လျှပ်စစ်မီးသုံးစွဲသူက  ဖုန်းဖြင့်  အချိန်မရွေး ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ရောင်းချသူဖြစ်သည့် မိမိတို့ဘက်မှလည်း မိမိတို့တပ်ဆင်ထားသည့် မီတာများအပေါ် မသမာမှုများ ပြုလုပ်မှု ရှိ၊ မရှိကို အချိန်မရွေး  ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ ထပ်မံ တိုးချဲ့သည့် စီမံကိန်းအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင်  တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊  နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ မြို့နယ်အားလုံးတွင် တပ်ဆင်သွားမည်ဖြစ် ကြောင်း၊ ယခုလက်ရှိတွင်  ပျဉ်းမနား၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ မြို့နယ်များတွင် Advanced Metering Infrastructure စနစ်သုံး Smart Meter များကို တပ်ဆင်လျက်ရှိကြောင်း၊ ထိုကဲ့သို့ တပ်ဆင် ပြီးစီးပါက ဓာတ်အားသုံးစွဲသူများကို Application တစ်ခုပေးမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးစီးပါက ဖုန်းထဲမှတစ်ဆင့် လစဉ် မီတာကိုကြည့်နိုင်မည်ဖြစ်ကြောင်း၊ ကြွေးကျန် ရှိ/မရှိ သိနိုင်ကြောင်း၊ Mobile Application မှတစ်ဆင့် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စနစ်မှာ  ကောင်းမွန်သည့်စနစ်တစ်ခုဖြစ်သည့်အတွက်   အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကျင့်သုံးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေး က မိမိမေးမြန်းလိုသည့် မေးခွန်းမှာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် NUG က Online တွင် ကျောင်းများ ဖွင့်နေသကဲ့သို့ စစ်ကိုင်း တိုင်းဒေသကြီးဘက်တွင်လည်း ပြည်သူ့စစ်များဖြင့် ကာကွယ်နိုင်ခြင်း မရှိသည့် ကျေးရွာများတွင် NUG ကျောင်းဟုခေါ်၍ လုပ်ဆောင်နေခြင်း များရှိကြောင်း၊ NUG ကို  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ ထားသည့်အတွက် အဆိုပါကျောင်းများကို ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းမှာ လည်း NUG မျိုးဆက်ကို မွေးထုတ်နေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့   NUG  ကျောင်းဟု   အမည်ခံထားသည့်ကျောင်းများကို  မည်ကဲ့သို့ အရေးယူမည်၊ မည်သည့်ဥပဒေဖြင့် အရေးယူမည်၊ မည်သည့် အချိန်ခန့်တွင် အပြီးအပြတ်အရေးယူဆောင်ရွက်သွားမည်ကို သိလို ကြောင်း၊    ဆက်စပ်မေးခွန်းအနေဖြင့်   စစ်ကိုင်းတိုင်းဒေသကြီးကို အထူးပြုပြောလိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျွန်းလှ မြို့နယ်အတွင်း၌ ရေနံကလည်း အလွန်အမင်းထွက်နေကြောင်း၊ ရေနံ မည်မျှထွက်သည်ကို ပြောရမည်ဆိုပါက  ယခင်လက်ယက်တွင်းဟုခေါ်၍  လက်ဖြင့်     ပင်ပင်ပန်းပန်း  ခပ်ထုတ် ရသည့်တွင်းများမှာ    ယခင်ကကဲ့သို့   ယက်ထုတ်ရန်မလိုတော့ဘဲ လျှံထွက်နေသည့်တွင်းများ၊ ဒေသအခေါ်   (လျှံတွင်း)  ဟုခေါ်သည့်  တွင်းတစ်တွင်းမှ တစ်ရက်လျှင် ပီပါ ၉၀၀ မှ တစ်ထောင်ခန့်အထိ ထွက်ရှိကြောင်း၊ ထိုကဲ့သို့သော ကျင်းများမှာ အဆိုပါဒေသတွင် ကျင်း ၄၀၀ မှ ၅၀၀ ခန့်အထိ ရှိကြောင်း၊ ထိုကျင်းများကို PDF နှင့် KIA တို့က လက်နက်ဖြင့်ခြိမ်းခြောက်၍  ဝင်လာသည့် ကားများနှင့် ဆင်းသည့် ကားများကို ဆက်ကြေးကောက်ခြင်းတို့မှ နေ့စဉ်ဝင်ငွေသိန်းပေါင်းများစွာရရှိနေကြောင်း၊   ထို့ပြင်   သဖန်းဆိပ်ဆည်အတွင်း၌လည်း ရွှေမျောပေါင်း ရာနှင့်ချီ၍ရှိနေကြောင်း၊ ထိုရွှေမျောများထံမှလည်း PDF နှင့် KIA တို့ကပင် ဆက်ကြေးများ ကောက်နေကြောင်း၊ တိုင်းပြည် အတွက် လောင်စာဆီကဏ္ဍအတွက် လိုအပ်ချက်ရှိ နေသည့် ယခုကဲ့သို့ သောအချိန်မျိုးတွင် မိမိတို့ပြည်တွင်း၌ ထွက်ရှိနေသည့် သယံဇာတများ ကို ရယူသုံးစွဲနိုင်ခြင်းမရှိဘဲ အကြမ်းဖက်သမားများက ထိုသယံဇာတ များကို   လက်နက်ဖြင့်  မိုးပြီးထုတ်ယူနေကြောင်း၊  ထို့ပြင် မိမိတို့၏ ရွာသူရွာသား အချင်းချင်း၊ တိုင်းသူပြည်သားအချင်းချင်း သတ်ဖြတ် သည့်    အကြမ်းဖက်လုပ်ရပ်များကို     လုပ်ဆောင်နေကြောင်း၊ ထိုအခြေအနေများကို  ဝန်ကြီးတို့အနေဖြင့်  အချိန်ကာလအားဖြင့် မည်သည့်အချိန်ခန့်တွင်  ရှင်းလင်းသွားမည်နှင့်  အဆိုပါ ရေနံများကို တိုင်းပြည်အတွက် မည်ကဲ့သို့ ရယူအသုံးပြုသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက စာသင်ကျောင်းများနှင့်  ပတ်သက်၍ ပြောရမည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် မကွေးတိုင်း ဒေသကြီး   မြောက်ခြမ်းတို့၌   စာသင်ကျောင်းများကို   မည်မျှအထိ နှောင့်ယှက်ခဲ့သည်ဆိုသည်ကို ပြောရမည်ဆိုလျှင် စာသင်ကျောင်းများ ကို မိုင်းထောင်၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ စာသင်ကျောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းများကို  ပြုလုပ်လာသည့်အပြင်  ယခုနောက်ပိုင်း တွင် ပြည်ပမှ ထောက်ပံ့နေသည့် Drone များဖြင့် Drop Bomb ချ၍ တိုက်ခိုက်ခြင်းများအထိ ပြုလုပ်လာကြောင်း၊ မိမိတို့အနေဖြင့်လည်း ထိုဖြစ်စဉ်များနှင့်ပတ်သက်၍   မကြာခဏ   သတင်းထုတ်ပြန်လျက်ရှိ ကြောင်း၊   ထိုဖြစ်စဉ်များကို   ကြည့်မည်ဆိုပါက  စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုဆိုသည်မှာ ၎င်းတို့အတွက် မဆန်းကြောင်း၊ လူသတ်ခြင်း၊ ဓားပြတိုက်ခြင်းတို့ကိုပင် သာမန်ကိစ္စ ကဲ့သို့သဘောထား၍ လုပ်ဆောင်နေကြသူများဖြစ်ကြောင်း၊ ကလေး များ  စာသင်နေသည့်ကျောင်းကို  စာသင်နေသည့်အချိန်မှာပင်လျှင် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ် မှာ စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတူတူပင်ဖြစ် ကြောင်း၊ ထိုသို့လုပ်ဆောင်နေသော်လည်း  ၎င်းတို့ကိုကြောက်ရသဖြင့် ၎င်းတို့၏စည်းရုံးမှုအောက်သို့ ကျရောက်ခဲ့ရသည့်  အချို့သောနယ်မြေ များတွင်   ကျောင်းများဖွင့်လှစ်၍   သင်ကြားပေးနေသည်ဟု   သိရ ကြောင်း၊   ၎င်းတို့သင်ကြားသည့်   သင်ခန်းစာစာအုပ်များမှာလည်း ယခုလက်ရှိ မိမိတို့အစိုးရစာသင်ကျောင်းများတွင်  သင်ကြားပေးနေ သည့် သင်ခန်းစာစာအုပ်များပင် ဖြစ်ကြောင်း၊ အစိုးရကပြဋ္ဌာန်းပေး ထားသည့် သင်ခန်းစာ စာအုပ်ကိုပင် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့မည်သည့်သင်ခန်းစာများကို  သင်ကြားပေးနေသည်ဆိုသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့နိုင်မည်ဖြစ်ကြောင်း၊ ကလေး များ၏စိတ်ထဲတွင်  အကြောက်တရားများ  ကင်းမဲ့စေရန်နှင့် မဟုတ် မမှန်သည့် အမုန်းတရားများ ဝင်ရောက်လာစေရန် သင်ကြားပေး ကြောင်း။
ထိုဖြစ်ရပ်များကိုကြည့်၍   မိမိစိတ်ထဲတွင်  ဗကပလက်ထက် ပဲခူးရိုးမတွင် ၁၀ နှစ်အရွယ်ကလေးများနှင့် ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးများ ပင်ပါဝင်သည့် သခင်သန်းထွန်း၏ လူယုံတော်တပ်ဖွဲ့ဟူ၍ ပင် ဖွဲ့စည်းခဲ့ခြင်းကို ပြန်၍သတိရမိကြောင်း၊ ထိုတပ်ဖွဲ့အထဲမှ နာမည် တစ်ခုကိုမှတ်မိသေးကြောင်း၊  တပ်ဖွဲ့ထဲတွင်  အငယ်ဆုံးနှင့်  သခင် သန်းထွန်း၏ သစ္စာအရှိဆုံး ကရင်လူမျိုးရဲဘော်ဖညက်ဟု ဆိုသည့် လူငယ်လေးဖြစ်ကြောင်း၊ လူကောင်သေးသေးလေးနှင့် စတင်းဂန်းကိုင် ထားသည့်ပုံလေးကို “သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ” ဆိုသည့် စာအုပ်ထဲတွင် ရှာကြည့်လျှင်တွေ့နိုင်ကြောင်း၊ ယခုအကြမ်းဖက်သမား များမှာ ကလေးများကို ထိုကဲ့သို့ မှိုင်းသွင်းနေခြင်းဖြစ်ကြောင်း၊ ကလေး များကို ဘာတွေသင်နေသည်၊ ဘာတွေမှိုင်းသွင်းနေသည်ကို အားလုံး တွေ့နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့စာသင်ကျောင်း မည်မျှဖွင့်လှစ်ထား သည်ဆိုသည့်   စာရင်းအတိအကျ   မိမိတို့တွင်ရှိကြောင်း၊   ၎င်းတို့ ပြောသကဲ့သို့    မဟုတ်ကြောင်း၊   အစိုးရစာသင်ကျောင်းများတွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊   ထိုကိစ္စများနှင့်   ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်း။

 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌  လူထုက တော်လှန်ရေးရေချိန် အမြင့်ဆုံးဖြစ်နေပြီး နိုးကြားတက်ကြွနေသည့်အတွက် တိုင်းဒေသကြီး တစ်ခုလုံးသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင်မရှိဘူးဟု ကမ္ဘာ့မီဒီယာ များနှင့် အချို့ မီဒီယာများက ဝိုင်းဝန်း၍ ရေးသားဖော်ပြနေကြကြောင်း၊ အမှန်တကယ် ဟုတ်/မဟုတ် ဆိုသည်ကို လက်တွေ့ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သည့်   သတင်းထောက်ကြီးကိုယ်တိုင်   အသိဆုံးဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ မည်သည့်နေရာများတွင်ရှိသည်၊ မည်သည့်နေရာများတွင် မရှိဘူးဆိုသည်ကို သိပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ယခုဖြစ် ပျက်နေသည့်  အခြေအနေများမှာ  တက်ကြွသောကြောင့်   မဟုတ် ကြောင်း၊  အစောပိုင်းက သတင်းထောက်ကြီးပြောပြခဲ့သည့် အကျိုးစီးပွားများကြောင့်ဖြစ်ကြောင်း၊ ရေနံထွက်သည့်နေရာများ၊ ရွှေမှော်များ၊ ရွှေမျောများနှင့် ရွှေထွက်သည့်နေရာများကို သိမ်းပိုက်ရန်ဖြစ်ကြောင်း၊ ၎င်းတို့အချင်းချင်းလည်း မတည့်ကြကြောင်း၊ ၎င်းတို့အဖွဲ့ အချင်းချင်း နေရာလုနေကြသည့်  အခြေအနေများလည်းရှိကြောင်း၊ ထိုဖြစ်စဉ်များ ကို မိမိတို့လည်းသိရကြောင်း၊ တစ်ခါတစ်ရံ ပြည်ပမှ အလှူခံသည့် ပုဂ္ဂိုလ်များကိုလည်း သနားပါကြောင်း၊ ၎င်းတို့မှာလည်း အဆိုပါ ဒေသ တွင်ရှိသည့်ရွာများကိုပင်   ပြောကြကြောင်း၊   သတင်းထောက်ကြီး ပြောခဲ့သည့် ကျွန်းလှ၊ ရေဦး၊ ခင်ဦးစသည့် ကျေးရွာများဖြစ်ကြောင်း၊ အဆိုပါနေရာများတွင် မည်သည့်ကိစ္စများလုပ်နေသည်၊ မည်သည့်အရာ များ  ထွက်နေသည်ကို   ပြည်ပမှပုဂ္ဂိုလ်များ မသိကြကြောင်း၊ ပြည်ပမှ လှူမည့်သူများကို ယင်းနယ်မြေများတွင် ဘယ်လောက် ဒုက္ခရောက်နေ ပါတယ်ဟု ပြောကြကြောင်း။

 


ထိုဒေသရှိ     အချို့နေရာများတွင်    စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်၍ပင် မရတော့ကြောင်း၊ အချို့သောဆည်များတွင်  အမြဲတမ်း ဝင်ထွက်သွားလာ၍   ဆည်များကို ရေလွှတ်မပေးနိုင်ရန် လုပ်ဆောင် ကြကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ပြီဆိုပါက ၎င်းတို့ထံတွင် လူရှိတော့မည်   မဟုတ်သောကြောင့်ဖြစ်ကြောင်း၊  ထို့ကြောင့် ယခု ကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၌ မိမိတို့ အထူးအလေးထား၍ လုပ်ဆောင်သွားမည်ဟု မိမိအရင်က လည်းပြောခဲ့ကြောင်း၊ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးအဖွဲ့အစည်း များလည်း စနစ်တကျ ဖွဲ့စည်းနေပါကြောင်း၊ ထိုလုံခြုံရေးအဖွဲ့များကို မိမိတို့အနေဖြင့် လိုအပ်သည့် အကူအညီများကူညီထောက်ပံ့ပေးလျက် ရှိကြောင်း၊ ထိုလုံခြုံရေးအဖွဲ့များကို  ဖွဲ့စည်းရာတွင်လည်း  ပြည်သူ လူထုတစ်ရပ်လုံးက     ဝိုင်းဝန်းကူညီပံ့ပိုးသွားမည်ဆိုပါက   ပို၍ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏  လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည် နှင့် ဒေသ၏သယံဇာတပစ္စည်းများကို လက်ဝါးကြီးအုပ်၍ ဒေသခံ ပြည်သူလူထုအပေါ်တွင် အနိုင်ကျင့်နေသည့် PDF အမည်ခံ အကြမ်းဖက် သမားများကို ချေမှုန်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


သူရိယနေဝန်းဂျာနယ်မှ သတင်းထောက် သဇင်ဦးက နိုင်ငံ့ဝန်ထမ်း များကို  CDM  လုပ်ရန်   တိုက်တွန်းခဲ့သည့်    အနုပညာရှင်များကို နိုင်ငံတော်တည်ဆောက်ရေးအတွက်ဟုဆိုပြီး         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြန်လည်လွှတ်ပေးခဲ့သည်ကို ပြည်သူများ အနေဖြင့်   နားလည်နိုင်ခဲ့ပါကြောင်း၊   ကလေးများ၏ပညာရေး နောက်မကျစေရန်အတွက် CDM ပြုလုပ်ခဲ့သည့် ပညာရေးဝန်ထမ်း များကို ပြန်လည်ခေါ်ယူခဲ့မှုနှင့်   နိုင်ငံတော်တိုးတက်ရေးကိစ္စများ မနှောင့်နှေးစေရန်အတွက် CDM ပြုလုပ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခဲ့သည်ကိုလည်း ပြည်သူလူထုကလက်ခံခဲ့ကြောင်း၊ PDF များကိုလည်း လက်နက်အပ်နှံ၍ ပြည်သူ့ဘဝပြန်လည်ဝင်ရောက် ရန်ကြိုဆိုပြီး ထောက်ပံ့ကြေးများပေး၍ မိဘများဆီသို့ ပြန်လည်အပ်နှံ ပေးခဲ့သည်ကိုလည်း  ပြည်သူများကသည်းခံခဲ့ကြောင်း၊ သို့သော် IS စစ်သွေးကြွများကဲ့သို့ ရက်စက်ယုတ်မာပြီး ပြည်ပအားကိုးပုဆိန်ရိုးဖြစ် နေသည့် အကြမ်းဖက်သမားများကိုမူ ပြည်သူများက သည်းမခံနိုင် တော့ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်မြို့နယ် ကြန်စိမ့် ကြီးကျေးရွာမှ “မနန္ဒာ”ဟုဆိုသည့် အမျိုးသမီးတစ်ဦးကို နေ့ခင်းဘက် ကြီးတွင် PDF အကြမ်းဖက်သမားများက “ဒလန်မ  ထွက်ခဲ့” ဟုဆိုပြီး အရှင်လတ်လတ် ခေါင်းဖြတ်၍ သတ်ဖြတ်ခဲ့သည့်    ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်း၊ ထိုဖြစ်စဉ်ကိုပင် ၎င်းတို့က တပ်မတော်သားများနှင့် ပျူစောထီး များက   ပြုလုပ်ခဲ့သည်ဟုဆိုပြီး မဟုတ်မမှန်လုပ်ကြံ၍ ဝါဒဖြန့်နေမှု များကိုလည်း တွေ့ရကြောင်း၊ ထိုကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်ရှိနေသည့် အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကိုမူ ပြည်သူများအနေဖြင့် လုံးဝ(လုံးဝ) လက်မခံနိုင်တော့ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ သည့်  အကြမ်းဖက်သမားများကို  စုံစမ်းစစ်ဆေးဖော်ထုတ်၍ အထူး အစီအစဉ်တစ်ရပ်အနေနှင့် ဆောင်ရွက်ပြီး ပြည်သူများကျေနပ်နိုင်သည့် အပြစ်ပေးအရေးယူမှု ပြုလုပ်ပေးရန် ပြည်သူလူထုကလိုလားတောင်း ဆိုနေကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ဆန္ဒကို အကောင်အထည် ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်၊၊ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စများနှင့်ပတ်သက်ပြီး အရှက် တရားမရှိ    ရေးသားနေသည့်   မီဒီယာများကိုလည်းတွေ့ရကြောင်း၊ အရှက်မရှိသည့်   စွပ်စွဲချက်များ     ပြုလုပ်နေသူများရှိသည်ကိုလည်း တွေ့ရကြောင်း၊    မြိုင်မြို့နယ်  ကြန်စိမ့်ကြီးကျေးရွာမှ  “မနန္ဒာ”၏ ကိစ္စနှင့်ပတ်သက်ပြီး မီဒီယာတစ်ခုက မေးမြန်းထားခြင်းရှိကြောင်း၊ ၎င်းတို့၏ဒလန်နှင့် အချင်းချင်းကြိုတင်ဇာတ်တိုက်ပြီး အမေးအဖြေပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ “ဒေါ်နန္ဒာ” ၅၂ နှစ်မှာ ဖခင်အမည် “ဦးကျော်ဆွေ” ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူဖြစ်ကြောင်း၊ အကြမ်းဖက်သမား များက သတ်ဖြတ်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင်  မြိုင်မြို့နယ်ရဲစခန်း၌  တိုင်ကြားအမှုဖွင့်ခဲ့သည်ဟု  သိရ ကြောင်း၊ ထိုနေရာသို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ  ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း၊ အလောင်း၊ မှုခင်းဆေးစာများနှင့်အတူ  နိဗ္ဗာန်ရွှေပြည်   လူမှုရေးယာဉ်နှင့်   မြိုင်မြို့နယ်   ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်သူများကိုလည်း မိမိတို့က စစ်ဆေးခဲ့ကြောင်း၊  ထိုဖြစ်စဉ်နှင့် ပတ်သက်သည့် Video File လည်း ပါဝင်ကြောင်း၊ အင်မတန်  ရက်စက်ကြမ်းကြုတ်သည့်  Video File ဖြစ်ကြောင်း၊ ထို  Video File ကို ကြည့်မိသူများလည်း စိတ်မချမ်းမသာ ဖြစ်ကြရကြောင်း၊ သတ်ဖြတ်ခဲ့သည့်သူများမှာ ၎င်းတို့ကို သိနေသည့် တစ်ရွာတည်းသားချင်း PDF များဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ကောက်ချက်ချရသည်ကို ပြောရမည်ဆိုပါက ထို Video File တွင် ပါပြီးဖြစ်ကြောင်း၊ Video File ထဲတွင် အမျိုးသမီးတစ်ယောက် အား ဘေးနားတွင် ခေါင်းစွပ်စွပ်ပြီး ရပ်နေသူက ၎င်းကို “မကြည့်နဲ့၊ မကြည့်နဲ့” ဟု ပြောခဲ့ကြောင်း၊ ခေါင်းစွပ်ကို  စွပ်ထားသော်လည်း ၎င်းတို့ တစ်ရွာတည်းသားချင်းဖြစ်နေသဖြင့် မှတ်မိသွားမည်ကို စိုးရိမ် သောကြောင့်ဖြစ်ကြောင်း။

 


၎င်းတို့စွပ်စွဲသကဲ့သို့      စစ်သားများနှင့်    ပျူစောထီးများက  လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက မည်သည့်အတွက်နှင့်မျှ ၎င်းတို့၏မျက်နှာကို မကြည့်ရဲစရာအကြောင်း  မရှိကြောင်း၊ ၎င်းတို့ကို မည်သူကမျှ   သိနိုင်မည်မဟုတ်ကြောင်း၊   အချင်းချင်းသိကြသူများ ဖြစ်ကြောင်း၊ ယခင်ကတည်းကပင် လက်ထောက်ချ၍  အကွက်ကျကျ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့စတင် ဝင်ရောက်လာသည့် ၁၁ နာရီ မိနစ် ၅၀ တွင် အကြမ်းဖက်ငါးဦးက ဓားများကိုင်ဆောင်၍  ခြံဝင်းအတွင်း ဝင်ရောက်လာပြီး   အိမ်၏အပြင်ဘက်မှ  “ဒလန်”  ဟု  အော်ခေါ် ခဲ့ကြောင်း၊ ထို့နောက် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍ မြိုင်မြို့နယ်  ရဲစခန်းတွင်  အမှုအမှတ်၊ ပ ၅၆/၂၀၂၂ ဖြင့် အမှုဖွင့်ထားကြောင်း၊   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ   ပုဒ်မ ၅၀(က)/၅၄ ဖြင့်လည်း အမှုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ တရားခံများ အမြန်ဆုံး   ဖမ်းဆီးရမိရေးကိုလည်း   ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့သော် ထိုတရားခံများအနက် အချို့သူများမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထဲတွင်   ယခုအချိန်ထိရှိနေဆဲဖြစ်သည်ဟု    သိရ ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်သည့် တရားခံများကို အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံများကို ဖမ်းဆီး ရမိပါကလည်း ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်၍ ပြင်းပြင်း ထန်ထန် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောလို ကြောင်း။

 


ထိုအမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်ခန့်အထိ စစ်ကိုင်း တိုင်းဒေသကြီးနယ်မြေအတွင်း၌ ထိုကဲ့သို့ ဦးခေါင်းဖြတ်၍ သတ်ဖြတ် ခဲ့သည့်   အမှုပေါင်း  ၁၀  မှုထက်မနည်း   ရှိခဲ့သည်ဟု သိရကြောင်း၊ တချို့မှာ   မတိုင်ရဲကြကြောင်း၊   တချို့မှာလည်း   ထိုကိစ္စများနှင့်  ပတ်သက်၍   မပြောရဲကြကြောင်း၊   ရွာလုံးကျွတ်မီးရှို့ခံရသည့် အတွက်   ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း    ရှိကြောင်း၊  မည်သည့်အချိန်တွင် မည်သူဝင်ရောက်လာပြီး မည်ကဲ့သို့ မီးရှို့သည် ဆိုသည့်  ၎င်းတို့၏ထွက်ဆိုချက်များကိုလည်း   ချပြပြီးဖြစ်ကြောင်း၊ ရွာတွင် တိုက်ပွဲဖြစ်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မီးရှို့၍ ထွက်ပြေးသည့်ကိစ္စများ   စစ်ကိုင်းတိုင်းဒေသကြီးနှင့်  မကွေးတိုင်းမြောက်ခြမ်းတို့တွင်ဖြစ်ပွားနေကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် လုံခြုံရေးအရဆောင်ရွက်နိုင်သည့် ကိစ္စအားလုံးကို ဆောင်ရွက်ပေးသွားမည်ဟု ပြောလိုကြောင်းဖြေကြားသည်၊။  


(ဆက်လက်ဖော်ပြပါမည်)