နေပြည်တော် ဇူလိုင် ၆
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာ ရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပလာ ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင် များ၊ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြား စွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း ၁၆၉ ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ရှင်များ အမြဲတမ်း မပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီးများ၏ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မှု အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။
ယခု အောင်မြင်မှုများကို အခြေခံပြီး နောင် အဆင့်မြင့်မားသည့် ပညာရပ်များကို ဆက်လက် သင်ယူဆည်းပူးသွားကြရန်နှင့် အရည်အချင်း ပြည့်ဝ သည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် အနာဂတ်နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင် သည့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ဘာသာစုံ ဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြ သည့် ကျောင်းသား ကျောင်းသူများကို ရွှေတံဆိပ်ဆု၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ပြီး(ဝဲပုံ) ဆုရကျောင်းသား ကျောင်းသူများ ကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မသိမ့်ပွင့်ဖြူနှင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင် သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူ ၇၂၉ ဦး ဝင်ရောက်ဖြေဆိုရာ ၃၉၂ ဦး အောင်မြင်သည့် အနက် ခြောက်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၁၀ စုစုပေါင်း ၁၆၉ ဦး ၊ ရိုးရိုးအောင်မြင်သူ ၂၂၃ ဦးနှင့် အောင်ချက် ရာခိုင်နှုန်း ၅၃ ဒသမ ၇၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



