မိုးညိုမြို့နယ်၌ ရေဘေးအန္တရာယ်သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခန်းပြုလုပ်

 

မိုးညို    ဇူလိုင်    ၃


ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ထွဋ်မြတ်စံပြကျေးရွာတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့်   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ် သဏ္ဌာန်တူသရုပ်ပြ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်   ဟောပြောပွဲကို   ယမန်နေ့က ပြုလုပ်ခဲ့သည်။

 


အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် သာယာဝတီခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက အမှာစကားပြောကြား သည်။  ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက ရေဘေးအန္တရာယ်နှင့်ပတ်သက်၍  ဆောင် ရန်/ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်ကျော်နိုင်က ကျန်းမာရေးနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များကို  ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍ ရေဘေးအန္တရာယ် သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်ခြင်း ကို ဆောင်ရွက်ခဲ့ရာ သဘာဝဘေးကြုံတွေ့လာပါက  သတင်းပို့ခြင်း၊ သတိပေးကြေညာခြင်း၊ ရေဘေးသင့်ပြည်သူများအား  ကယ်ဆယ်ခြင်း၊ ဆေးကုသမှုဆောင်ရွက်ပေးခြင်း၊ ရေနစ်သူအား ကယ်ဆယ်၍  ရှေးဦး သူနာပြုစုခြင်းများကို   ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊   မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှ ဦးဆောင်၍ ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 


အဆိုပါ သရုပ်ပြလေ့ကျင့်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ နေပြည်သူများက တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ကိုမင်း(ပြန်/ဆက်)