ပူတာအို ဇူလိုင် ၃
ကချင်ပြည်နယ် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေ၊ လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ရဲမှူး ကြီး ကျော်ထွန်းတို့သည် ပူတာအို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက် နိုင်ရေးအတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့် ဇူလိုင် ၁ ရက်က ပူတာအိုမြို့ ဖုန်ကန်ရာ ဇီခန်းမ၌ တွေ့ဆုံပွဲကျင်းပသည်။
တွေ့ဆုံရာတွင် ပြည်နယ် စီးပွားရေးရာဝန်ကြီးက ဘဏ္ဍာနှစ် အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာန ဆိုင်များအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး၊ လုပ်ငန်းလိုအပ် ချက်များကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ အချိန်မီ တင်ပြ ဆောင်ရွက်ကြရေး မှာကြားပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးရာ ဝန်ကြီးက ခရိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ ထို့အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးရာ ဝန်ကြီးသည် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများ နှင့်အတူ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်မည့် ပူတာအို-လယ်မယ်ဝါချီ- နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (ပူတာအို လွင်ပြင်ပတ်လမ်း)ပေါ်၌ အရှည် ပေ ၂၄၀ နမ့်ပလန့်ချောင်း သံကူ ကွန်ကရစ်တံတား စီမံကိန်း ရှင်းလင်းဆောင်၌ ခရိုင်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းသန့်အောင်နှင့် တာဝန်ရှိသူများက ပူတာအို လွင်ပြင် ပတ်လမ်းအရှည် ၂၅ မိုင် တွင် ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု နှင့် အကောင်အထည်ဖော်ရန် ကျန်ရှိသည့် လမ်းပိုင်းနှင့် တံတား များအား ရှင်းလင်းတင်ပြမှု အပေါ်လိုအပ်သည်များ ဖြည့်စွက် မှာကြားပြီး နမ့်ပလန့်ချောင်းကူး သံကူကွန်ကရစ် တံတားတည် ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်နယ် ဝန်ကြီးသည် အထက်ဆန်ဂေါင်-လုံနဒမ်း- ဇီယာဒမ်းလမ်း (ရေခဲ တောင်သွားလမ်း) တောင်ခြေ ရှင်းလင်းဆောင်သို့ သွားရောက် ပြီး အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း(ရေခဲတောင်)သွားလမ်း အရှည် ၂၄ မိုင်တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လမ်းသည် လမ်း အရှည်မှာ ၂၄ မိုင် ရှည်သော လမ်းဖြစ်ပြီး ကျေးရွာ ရှစ်ရွာ၊ အိမ်ခြေ ၃၈၂ အိမ်၊ လူဦးရေ ၁၁၃၉ ဦးအား အကျိုးပြုမည့် အပြင် အဆိုပါ လမ်းပိုင်း ဆောင်ရွက်ပြီးစီးပါက ရေခဲ တောင်ခရီးစဉ်အဖြစ် Eco Tourism လုပ်ငန်းအတွက် အထူး အရေးပါသောလမ်း တစ်လမ်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)



