ဥတ္တရသီရိ ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိ မြို့နယ် ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာ့သစ် လုပ်ငန်း နေပြည်တော်သစ်ထုတ်ရေးဒေသမှ ကျင်းပ သည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂ ရက်က ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက မိုးရာသီသစ်ပင် စိုက်ပျိုးခြင်း အထိမ်းအမှတ် ရတနာတန်းဝင် သစ်မျိုးဖြစ်သည့် ပျဉ်းကတိုးသစ်ပင်ကို စိုက်ပျိုးပေးခဲ့သည်။
ထို့နောက် ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲမြတ်သိန်း၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ဝင်းနိုင်၊ နေပြည်တော် သစ်ထုတ်ရေးဒေသ မန်နေဂျာ ဦးကျော်စွာဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် သစ်ထုတ်ရေးဒေသမှ အရာထမ်း၊ အမှုထမ်းများက ငလိုက်ဆည်ရေဝေရေလဲဧရိယာ ရေစီးဆင်းမှုကောင်းမွန်စေရေး၊ မြေဆီလွှာထိန်းသိမ်း နိုင်ရေးတို့အတွက် သစ်ပင်များစုပေါင်း စိုက်ပျိုးခဲ့ ကြသည်။
အဆိုပါ ငလိုက်စခန်းသာဆင်စခန်းဝင်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းတွင် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီ၊ ယမနေ၊ စစ်၊ မန်ဂျန်ရှားပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)



