(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၃


မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများဖြစ်ကြသည့်  ကမ္ဘောဒီးယား  ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး    H.E. Mr. Prak Sokhonn ၊ လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Saleumxay Kommasith၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr.  Don  Pramudwinai   နှင့်   ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး   H.E. Mr. Bui Thanh Son တို့သည် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ တက်ရောက်ရန် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ   ယနေ့မွန်းလွဲပိုင်းတွင်   ပုဂံမြို့ရှိ ညောင်ဦးလေဆိပ်သို့  ရောက်ရှိကြရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   ဒုတိယဝန်ကြီး   ဦးကျော်မျိုးထွဋ်၊  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုး အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်   ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆို ကြသည်။

 


ညနေပိုင်းတွင်        နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က   မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်   ကိုယ်စားလှယ်အဖွဲ့ များအား  ဂုဏ်ပြုညစာစားပွဲဖြင့်  တည်ခင်းဧည့်ခံခဲ့သည်။

 


ညစာစားပွဲတွင်   သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ   အနုပညာရှင်များက    ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


သတင်းစဉ်