ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား
ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး
ပုဂံ ဇူလိုင် ၃
မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပသည့် (၇) ကြိမ်မြောက် မဲခေါင် - လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့သည် ယနေ့နံနက် ၁၁ နာရီတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ပုဂံမြို့ နန်းမြင့်မျှော်စင် ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမို မြှင့်တင်သွားရေး၊ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ တရုတ် နိုင်ငံမှ ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမိုတင်သွင်း နိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေး၊ မြန်မာပညာ သင်များ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှုချောမွေ့စေ ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် စသည့် ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးအမြင်ချင်းဖလှယ် ကြသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံ တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိုလည်း ဆွေးနွေးကြသည်။
အာဆီယံတူညီဆန္ဒ (၅) ရပ်
နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမပြုရေး မူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံကာ အာဆီယံတူညီဆန္ဒ (၅) ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များအပေါ် ဆွေးနွေးကြသည်။
နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ရှင်းလင်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏ နောက်ဆုံးနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်စွာ ဖော်ဆောင်နေမှု တို့ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြား ရေးဝန်ကြီးအား ရှင်းလင်းပြောကြားသည်။
နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေး ဝန်ကြီးများ၏ရှေ့မှောက်၌ လန်ချန်း - မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်၊ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင် ရေးစီမံကိန်း သဘောတူညီချက်၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံကိန်း သဘောတူညီချက်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ လှူဒါန်းသည့် ယွမ် ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါကာကွယ် ရေး အထောက်အပံ့များနှင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ယွမ် ၃၂ သန်းတန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်း ပေးအပ်/ လက်ခံလွှာ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ ၁၀၀၀ လွှဲပြောင်းပေးအပ်/ လက်ခံလွှာတို့ကို မြန်မာ ဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များနှင့် တရုတ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံ လဲလှယ်ခဲ့ကြသည်။
သတင်းစဉ်



