ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

 

ပဲခူး  ဇူလိုင်  ၃


မြန်မာအမျိုးသမီးများနေ့ အခမ်း အနားကို  ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့  မြို့တော်ခန်းမ၌  ကျင်းပ ရာ   ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

 


ထို့နောက်    ပြည်ထောင်စု အဆင့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင်   နှစ်သိမ့်ဆု ရရှိခဲ့သော တောင်ငူမြို့ အိမ်တွင်းမှု သက်မွေး ပညာသင်တန်းကျောင်း မှ ဒေါ်မျိုးသီတာစိုး(နည်းပြ)နှင့် ဒေါ်စိုးနန္ဒာကျော်   (နည်းပြ)  တို့ အား တိုင်းဒေသကြီး  ဝန်ကြီး ချုပ်နှင့်  တိုင်းဒေသကြီး  တရား လွတ်တော် တရားသူကြီးချုပ်တို့ က ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့်      ငွေသားဆုများအား ချီးမြှင့်ကြသည်။

 


ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာများ    ပူးပေါင်း၍ ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်း အသိ ပညာပေးပြဇာတ်နှင့် လူကုန်ကူး ခံရမှု  အသိပညာပေးပြဇာတ်တို့ ကို     တင်ဆက်ပြသခဲ့ကြရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက   တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက   ဂုဏ်ပြုဆု ငွေများ ပေးအပ်သည်။

 


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   မြန်မာအမျိုး သမီးများနေ့အကြို     လှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို    ကြည့်ရှုပြီး ပြခန်းအတွင်း    ပြသထားသည့် ပဲခူးတိုင်းဒေသကြီး  အမျိုးသမီး ရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများနှင့်      တောင်ငူမြို့ သက်မွေးပညာသင်တန်းကျောင်း မှ   ကျောင်းသူများချုပ်   လုပ်ထား သည့်     အဝတ်အထည်များကို ကြည့်ရှုအားပေးသည်။


သတင်းစဉ်