အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ရွှေတိဂုံစေတီတော် ဖူးမြော်

 

ရန်ကုန်    ဇူလိုင်    ၃


အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏       မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံ      ဒုတိယဝန်ကြီးချုပ်      H.E. Mr. Prak Sokhonn နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင်  ရွှေတိဂုံစေတီတော်သို့    သွားရောက်ဖူးမြော် ကြည်ညိုကြသည်။ 

 


ဦးစွာ      ဧည့်သည်တော်နှင့်အဖွဲ့သည် တောင်ဘက်ဧည့်ခံတန်ဆောင်း၌  ဧည့်သည် တော်မှတ်တမ်းတွင်       လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ဆီမီးကပ်လှူ ပူဇော်သည်။ ထို့နောက်  ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်ဓာတ်ပုံနှင့် သမိုင်းမှတ်တမ်း စာအုပ်ကို လက်ဆောင်အဖြစ် ပေးအပ်သည်။ 

 


ဆက်လက်၍ ဧည့်သည်တော်နှင့်အဖွဲ့သည် ရင်ပြင်တော်တစ်ပတ်     လှည့်လည်ကြည့်ရှု လေ့လာပြီး အလှူရှင်    ဧည့်ခန်းမ ဆောင်၌ စေတီတော်မြတ်ကြီးအတွက် အလှူ တော် ငွေများ ပေးအပ်လှူဒါန်းသည်။

 


မွန်းလွဲပိုင်းတွင်      အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် သည်    (၇) ကြိမ်မြောက်   လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် ရန်ကုန်မြို့မှ ပုဂံမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွား သည်။                                      

 

သတင်းစဉ်