မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇူလိုင်    ၃


မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို    ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ် (၂၃) နေပြည်တော်၌ ကျင်းပသည်။

 


 အခမ်းအနားသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနု စိန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ     ဥက္ကဋ္ဌ     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ ဇနီးများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ    ကိုယ်စား လှယ်များ   မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုး သမီးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ထူးချွန်ဆုရရှိသူ အမျိုး သမီးများ၊ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ  တက်ရောက်ကြပြီး     တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ     အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများနှင့်      အတွင်းရေးမှူးများက  Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ကိုယ်စား    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက Video Message  ဖြင့်  အဖွင့်မိန့်ခွန်းပြောကြား သည်။         (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား သည့် မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ (၅) တွင် သီးခြားဖော်ပြထားပါသည်။)

 


ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး   ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့် အရေး မြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုး သမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်း ဖက်ခံရမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို    ရှင်းလင်းတင်ပြသည်။ 

 


ဆက်လက်၍  အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ ကို   ဖော်ညွှန်းသည့်   Video  Clip   ကို ပြသရာ     တက်ရောက်လာသူများက  ကြည့်ရှုအားပေးကြသည်။

 


ဆက်လက်၍ ကအလိုက် ထူးချွန် အမျိုးသမီးများအား ဆုချီးမြှင့်ရာ ထူးချွန် အမျိုးသမီး တပ်မတော် (ကြည်း) အရာရှိ  နှစ်ဦး၊  ထူးချွန်အမျိုးသမီးရဲမေ တစ်ဦး၊ ထူးချွန်အမျိုးသမီး  ကြက်ခြေနီ  တစ်ဦး၊  ထူးချွန်အမျိုးအမီး  မသန်စွမ်း  တစ်ဦး၊ (၃၁)  ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု  ရရှိ ခဲ့သည့်  ထူးချွန်အမျိုးသမီး အားကစား သမား ခုနစ်ဦး၊ ၂၀၂၁-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ၌    (သိပ္ပံ၊   ဝိဇ္ဇာ၊    ဝိပ္ပံ) ဘာသာတွဲများ၌ အမှတ်အများဆုံး ရရှိခဲ့သည့် ကျောင်းသူ သုံးဦး၊      ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲ တွင်ဆုရရှိသူ     လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့    အိမ်တွင်းမှုသက်မွေးလုပ်ငန်း  ပညာသင်ကျောင်းမှ အမျိုးသမီးဝန်ထမ်း သုံးဦးတို့ကို    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒေါ်အေးနုစိန်၊   မြန်မာ နိုင်ငံလုံးဆိုင်ရာ   အမျိုးသမီး  ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊     ပြည်ထောင်စုဝန်ကြီး များ၏  ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့်      နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 


ထို့နောက်  အခမ်းအနားသို့ တက် ရောက်ကြသူများသည် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနား ကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။


သတင်းစဉ်