အာဆီယံ၏စီးပွားရေး ပြန်လည်ဦးမော့လာရန် ခြိမ်းခြောက်နေသည့် ငွေကြေးဖောင်းပွမှု

 

စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်း များ မြင့်မားလာခြင်းကြောင့်     ပုဂ္ဂလိက ငွေကြေးသုံးစွဲမှုနှင့်    ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ကျဆင်းလာစေလျက်ရှိသည်။   ကမ္ဘာ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် ၂၀၂၂ ခုနှစ်တွင်   အာဆီယံ၏  စီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို နှေးကွေးစေ လျက်ရှိသည်။

 


 ကမ္ဘာ့ဘဏ်၏ ဇွန်လထုတ်  Global Economic Prospects   အစီရင်ခံစာအရ ဖွံ့ဖြိုးပြီးနိုင်ငံများ၏   ငွေကြေးဖောင်းပွမှုနှုန်း သည် ဧပြီလတွင် ၁ ဒသမ ၉  ရာခိုင်နှုန်းမှ ၆ ဒသမ ၉၅ ရာခိုင်နှုန်းအထိ   မြင့်တက်ခဲ့ပြီး   ဖွံ့ဖြိုးဆဲနိုင်ငံများ၏   ငွေကြေးဖောင်းပွမှုနှုန်း သည်လည်း    အလားတူကာလတွင် ၄ ဒသမ ၂၃ ရာခိုင်နှုန်းမှ ၉ ဒသမ ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။    ယူကရိန်း-ရုရှားစစ်ပွဲ ကြောင့်လည်း သွင်းကုန်လုပ်ငန်းရှင်များကိုပါ ထိခိုက်လာစေပြီး   ငွေကြေးဖောင်းပွမှုနှုန်း သည် ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်း ထားသည်။

 


ငွေကြေးဖောင်းပွမှု  မြင့်တက်လာခြင်း ကြောင့်   ဗဟိုဘဏ်များက ဈေးနှုန်းထိန်းချုပ် နိုင်ရေးအတွက်     တင်းကျပ်သည့်ငွေကြေး မူဝါဒများချမှတ်ဆောင်ရွက်လာနိုင်ပြီး ဖွံ့ဖြိုး ပြီးနိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင် မှု အလားအလာများ လျော့နည်းသွားမည်ဖြစ် ကြောင်း ကျွမ်းကျင်သူများက   ခန့်မှန်းကြ သည်။ 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့နည်းလာသည့်အတွက်   အလုပ်အကိုင်အခွင့်အလမ်း များ နည်းပါးလာခြင်း၊  ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အတွက် ငွေကြေးသုံးစွဲမှု လျော့ကျလာခြင်းနှင့် အခွန်ငွေရရှိမှု  နည်းပါးလာခြင်းတို့ကြောင့် အာဆီယံ၏ စီးပွားရေးပြန်လည်ဦးမော့လာ စေရေးကို နှေးကွေးစေသည်။ 

 


အာဆီယံနိုင်ငံများတွင် ငွေကြေးဖောင်းပွ မှုနှုန်းသည် တောက်လျှောက်မြင့်တက်နေ သည်ကို တွေ့ရှိရပြီး  ပျမ်းမျှနှုန်းမှာ  ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၀ ဒသမ ၉ ရာခိုင်နှုန်းမှ ဒီဇင်ဘာလတွင် ၃ ဒသမ ၁   ရာခိုင်နှုန်းအထိ လည်းကောင်း၊    ၂၀၂၂  ခုနှစ်  ဧပြီလတွင် ၄ ဒသမ ၇  ရာခိုင်နှုန်းအထိ လည်းကောင်း မြင့်တက်ခဲ့သည်။ 

 


  ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်  ဧပြီလတွင်  အင်ဒိုနီးရှားနိုင်ငံ၌  ၁၄၉  ရာခိုင် နှုန်း၊ စင်ကာပူနိုင်ငံ၌  ၁၆၁ ရာခိုင်နှုန်း၊ လာအို နိုင်ငံ၌ ၂၀၆ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ၌ ၂၆၇ ရာခိုင်နှုန်းအထိ ရုတ်တရက်မြင့်တက်ခဲ့သည် ကို တွေ့ရှိရသည်။   သို့ရာတွင် မလေးရှားနိုင်ငံ တွင် ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျသည် ကို တွေ့ရှိရသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊