ဒေတာ 200MB နှင့် ဖုန်းဘေလ် ၅၀၀၀ ကျပ် လက်ဆောင်ရမည့် အက်တမ်စတိုး အက်ပလီကေးရှင်းသစ် မိတ်ဆက်

 

ရန်ကုန်   ဇွန်   ၂၉

 


အက်တမ် (ATOM) အမှတ်တံဆိပ်သစ်ကို မိတ်ဆက် ပြီး နှစ်ပတ်အကြာတွင် အက်တမ်အနေဖြင့် သုံးစွဲရ လွယ်ကူပြီး ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များ ရှိသော အက်တမ်စတိုး အက်ပလီကေးရှင်းအသစ်ကို မိတ်ဆက်ထားပြီဖြစ်ပြီး အက်တမ်ဆင်းကတ်များကို အသုံးပြုနေသူများအနေဖြင့် အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပြီး အင်စတောလ်လုပ်ခြင်းဖြင့် ဒေတာ ၂၀၀ MB နှင့်အတူ  ဖုန်းခေါ်ခြင်း၊  စာတိုပို့ခြင်းများ အတွက် သုံးစွဲနိုင်မည့် ဖုန်းဘေလ် ၅၀၀၀ ကျပ်ကို လက်ဆောင်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 


အက်တမ်သုံးစွဲသူများအနေဖြင့် အက်တမ်စတိုး အက်ပလီကေးရှင်းကို ဇွန် ၂၀ ရက်မှစ၍ ဒေါင်းလုပ်ဆွဲ နိုင်ပြီး    အန်းဒရွိုက်ဖုန်းများအတွက်   အက်တမ်စတိုး အက်ပလီကေးရှင်းကို Google PlayStore မှတစ်ဆင့် ဖြစ်စေ၊  နံပါတ် 500 သို့  “APP” ဟု စာတိုပေးပို့၍ သို့မဟုတ် နံပါတ် *979*5*5# ကို ခေါ်ဆို၍ ပြန်ရလာ မည့် ဒေါင်းလုပ်လင့်မှဖြစ်စေ ဒေါင်းလုဒ်ဆွဲ ရယူနိုင် မည်ဖြစ်ကာ    iOS    အသုံးပြုသူများအနေဖြင့်လည်း မကြာမီရက်သတ္တပတ်များအတွင်း   အက်ပ်စတိုးမှ တစ်ဆင့်    အက်တမ်အက်ပလီကေးရှင်းအသစ်ကို ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


ယခင်က   My Telenor    အက်ပလီကေးရှင်းကို အသုံးပြုနေသူများသည် အက်တမ်စတိုး အက်ပလီ ကေးရှင်းကို အင်စတောလုပ်ပြီးသည်နှင့် လက်ကျန် ငွေ၊   ဝယ်ယူထားသောပက်ကေ့များ  စသည်တို့ကို အက်တမ်စတိုးအက်ပလီကေးရှင်းထဲတွင် ဆက်လက် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် ပက်ကေ့အသစ် များ ဝယ်ယူခြင်းကို အက်တမ်စတိုးတွင် ပြုလုပ်နိုင် သလို ဒေတာနှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့များအတွက် ရှယ်Shake အစီအစဉ်ကိုလည်း အက်တမ်စတိုးတွင် ဆက်လက်ပြုလုပ်နိုင်သည်။

 

 ထို့အပြင် ရွှေလယ်တော ဂိမ်း၊ ရသ၊ ရွှေနားဆင်၊  Wellness နှင့် ATOM Zay စသည်တို့ အပါအဝင် အက်တမ်၏ အခြားအစီအစဉ် များစွာကိုလည်း အက်တမ်စတိုး အက်ပလီကေးရှင်း တွင် အသုံးပြုနိုင်မည်ဖြစ်သည်။

 


အသစ်မိတ်ဆက်လိုက်သည့်   အက်တမ်စတိုး အက်ပလီကေးရှင်းသည်       ပိုမိုကောင်းမွန်သည့် ဒစ်ဂျစ်တယ် အသုံးပြုမှုဆိုင်ရာ လုပ်ဆောင်မှုများနှင့် အတူ သုံးစွဲရလွယ်ကူစေမည့် အတွေ့အကြုံကို ဆက် လက်ရရှိစေမည်ဖြစ်ကြောင်း၊    သန်းပေါင်းများစွာ တန်သော  ဆုလက်ဆောင်များနှင့်အတူ  ဂိမ်းအစီ အစဉ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း၊  အက်တမ်စတိုး    အက်ပလီကေးရှင်းအသစ်သည် သုံးစွဲသူများအတွက် နေ့စဉ် မရှိမဖြစ်လိုအပ်သော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း အက်တမ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။                                                    

 

ကိုစိုး