နေပြည်တော် ဇွန် ၂၉
ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ တာဝန်ထမ်း ဆောင်ရန် သွားရောက်မည့် ဆရာ ဆရာမများကို ထောက်ပံ့ပစ္စည်း များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း က ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန် ရှိသူများ၊ ဘာသာရေးခေါင်းဆောင် များ၊ မြို့မိ မြို့ဖများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက အင်ဂျန်းယန်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း များအတွက် ထောက်ပံ့ငွေ များ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်မည့် ဆရာ ဆရာမ များအတွက် ထောက်ပံ့ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး ဆရာ ဆရာမများ ကိုယ်စား မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



