စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်

 

ပဲခူး   ဇွန်  ၂၆


စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသော နှုန်းထားဖြင့်  မြေဩဇာဝယ်ယူနိုင်ရေးအတွက်  မြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း  အခမ်းအနားကို   ဇွန်  ၂၅  ရက် မွန်းလွဲပိုင်းက  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ် သော သွင်းအားစုများကို  ဈေးနှုန်း သက်သာလွယ်ကူစွာ   ဝယ်ယူ အသုံးပြုနိုင်မှသာ  ကျေးလက်နေ တောင်သူများ၏  လူမှုစီးပွားဘဝ များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများအတွက် လိုအပ်သော   မြေဩဇာများ လွယ်ကူသက်သာစွာ  ဝယ်ယူရရှိ နိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးရေး လုပ်ငန်းများတွင် တောင်သူများ နှင့် သဘာဝမြေဩဇာ သုံးစွဲခြင်း ယဉ်ပါးစေရန်လည်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်  CPP  Myat  Min Co., Ltd ၊ Royal Greensmart Co., Ltd နှင့် Myanmar Agro Eagle Co., Ltd တာဝန်ရှိသူများက မြေဩဇာစက်ရုံများ လည်ပတ်နေ မှု၊ ထုတ်လုပ်နေမှုနှင့် လိုအပ်ချက် များကို    ရှင်းလင်းတင်ပြကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက သိရှိလို သည်များကို    မေးမြန်းဆွေးနွေး ကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က   တောင်သူများ အနေဖြင့်   ပြည်ပမှ  တင်သွင်းရ သော  ဓာတ်မြေဩဇာသုံးစွဲခြင်း ထက်    ဈေးနှုန်းသက်သာပြီး ပြည်တွင်းမှ      ထုတ်လုပ်သည့် အော်ဂဲနစ် မြေဩဇာသုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်း မလျော့ဘဲ စားသုံးသူများအတွက် အန္တရာယ် ကင်းသော စိုက်ပျိုးရေးထုတ်ကုန် များ   ထုတ်လုပ်ပေးနိုင်မည်ဖြစ် ကြောင်း၊  တိုင်းဒေသကြီးအတွင်း မှ  ထုတ်လုပ်သည့်  အော်ဂဲနစ် မြေဩဇာများကို    စိုက်ပျိုးသည့် သီးနှံများအလိုက်  ရွေးချယ်သုံးစွဲ နိုင်ရေး သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက် အသိပညာပေးရ မည်ဖြစ်ကြောင်း၊        အော်ဂဲနစ် မြေဩဇာများ အသုံးပြု၍ ကျေးရွာ အဆင့်ထိ စံပြစိုက်ခင်းများစိုက်ပျိုး ပြသသွားရန်နှင့် ဓာတုကင်းလွတ် သီးနှံများအတွက်    ခိုင်မာသော ဈေးကွက်တစ်ခု  ဖန်တီးပေးနိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်