ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကြည့်ရှုအားပေး

 

မြစ်ကြီးနား   ဇွန်   ၂၆
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်  မိုင်းနားကျေးရွာ အတွင်းရှိ ရွှေမိုးတောင် ဆုတောင်းပြည့်စေတီတော် တည်ထားကိုးကွယ်ထားသည့်   ရွှေမိုးတောင်တွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ရွှေမိုး တောင် စေတီတော်မြတ်ကြီး ၂၀၂၂  ခုနှစ်  မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက်က ကျင်းပ သည်။
အဆိုပါ  မိုးရာသီသစ်ပင်    စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန် ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  ဒုတိယ တိုင်းမှူး  ဗိုလ်မှူးချုပ် အောင်မျိုးဦး၊   ပြည်နယ် ဝန်ကြီးများနှင့်   ၎င်းတို့၏ဇနီးများ၊   ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအသင်း၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း အဖွဲ့များ စုပေါင်း၍ ရွှေမိုးတောင်ခြေရှိ တရားရိပ်သာ စခန်းများဘေး မြေကွက်လပ်တွင် ထင်းရှူးပင် ၁၅၄ ပင်နှင့် ရတနာတန်းဝင်ကျွန်းပင်၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ ယမနေ၊ ရင်းမာ၊ ကညင်ဖြူ၊ စံကားဝါ၊ မျောက်လုပ်၊ ကြေးလန်၊ လောက်ယား၊  မိုင်းဘော၊ ကံ့ကော်၊ ခရေ၊ ချယ်ရီ၊ ရေပိတောက် စုစုပေါင်းပျိုးပင် ၁၈၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ ကြပြီး လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့်    ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာကျောင်းဝင်း အတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းဆရာ/ဆရာမများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော် သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ မြစ်ကြီးနားမြို့ အမှတ် (၁၂) အခြေခံ ပညာအထက်တန်းကျောင်း(ဇီးလွန်) ကျောင်းဝင်း အတွင်း သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေမြောင်းများ ဆယ်ယူ ဖောက်လုပ်ခြင်းလုပ်ငန်းများ     ဆောင်ရွက်နေမှု ကို   လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး   ပြည်နယ် ဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ များနှင့်  ကလေးငယ်များအား   ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
ပြည်နယ် (ပြန်/ဆက်)