သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံးခန်းမဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇွန်   ၂၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမဖွင့်ပွဲနှင့်  မောင် မယ်သစ်လွင်ကြိုဆိုပွဲ     အခမ်း အနားကို  ယနေ့   နံနက်ပိုင်းတွင်     သန်လျင်မြို့နယ်ရှိ    သမဝါယမ နှင့်      စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျင်းပသည်။ 

 


ဦးစွာ ဘက်စုံသုံးခန်းမဆောင် သစ်ကို သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင် စု  ဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး   သယံဇာတနှင့် စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး၊သမဝါယမ နှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန    အမြဲတမ်းအတွင်းဝန်တို့ က    ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေး ကြသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်တို့က   ဘက်စုံသုံးခန်းမ ကမ္ပည်းမော်ကွန်းကို  စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး   အမွှေးနံသာ ရည်များ     ပက်ဖျန်းပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ်  သုတေသန စာတမ်းဖတ်ပွဲနှင့် လူမှုဆန်းသစ် တီထွင်မှု အထောက်အကူပြုယူနစ် ၏ ထုတ်ကုန်နမူနာများ ခင်းကျင်း       ပြသထားမှုများကို     ကြည့်ရှု အားပေးကြသည်။

 


ထို့နောက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား  ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က ပြည်သူလူထု၏   လူမှုစီးပွား ဘဝများ   ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် လူမှုစီးပွားရေး ဆိုင်ရာပညာရပ်များကို ကြိုးပမ်းသင်ယူလေ့လာကြစေလိုကြောင်း အမှာစကား ပြောကြားသည်။


ဆက်လက်၍  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အမှာစကား ပြောကြားသည်။

 


ယင်းနောက်     သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ        တက္ကသိုလ် ပါမောက္ခချုပ်က  ဘက်စုံသုံးခန်းမ တည်ဆောက်ခဲ့ခြင်းနှင့် ပတ်သက် ၍  ရှင်းလင်းတင်ပြပြီး မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ပထမနှစ်ဝင်ခွင့် ရ ကျောင်းသား  ကျောင်းသူများ အနက်    ဘာသာတွဲအလိုက် အမှတ်အများဆုံး    ရရှိသူများကို ဆုများချီးမြှင့်ပေးအပ်သည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး၊ တိုက်ကြီးမြို့နယ် ရင်းတိုက် ကွင်းကျေးရွာအုပ်စု  ရွှေခတ်သစ် ခန်းမတွင်         ကျေးရွာအုပ်စု နှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စု အတွင်းရှိ စပါး/ပဲစိုက် တောင်သူ များနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ဂေါ့ကျေးရွာအုပ်စုရှိ စိုက်ဧက  ၂၉၇၉    ဧကတွင် တောင်သူ   ၂၆၇    ဦးအနက် ပဲပုပ်စိုက်ပျိုးမည့်    သူများကို စုစည်း၍    သမဝါယမအသင်း ဖွဲ့စည်းပြီး    တောင်သူများသို့ ပဲပုပ်မျိုးစေ့နှင့်   လိုအပ်သည့် မတည်ရင်းနှီးမှုများ   ထုတ်ပေး ခြင်း၊ ထွက်ရှိလာသည့် ပဲပုပ်များ ကို ဒေသပေါက်ဈေးဖြင့် ရွှေဥက္ကံ အထွေထွေ   စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဝယ်ယူပေး ခြင်းကို    သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့်    ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊  ရွှေဥက္ကံ အထွေထွေ    စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ   လှိုင်မြစ် အရှေ့ဘက်ကမ်းတွင်   ပဲပုပ်ဆီ စက်   တည်ထောင်ပြီး   ပဲပုပ်များ ကို ဝယ်ယူ၍  ဆီကြိတ်ခွဲရောင်းချ သွားမည်ဖြစ်ကြောင်း၊    စပါး စိုက်ပျိုးရာသီတွင်လည်း  အောင် သစ္စာခိုင်ကုမ္ပဏီက    သမဝါယမ ကန်ထရိုက်   လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 


ယင်းနောက်    စပါး၊  ပဲပုပ် စိုက်တောင်သူများနှင့်  ရင်းတိုက် ကွင်းကျေးရွာ    အုပ်စုတွင်းရှိ ကောင်းသန့်အောင် မျိုးစေ့ထုတ် သမဝါယမအသင်းက ဆောင်ရွက် လိုသည့်အချက်များကို တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်