ညောင်ဦး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်တွင် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၉ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီ မြစ်ရေမှတ်သည် ၁၈၆၄ စင်တီ မီတာသို့ တဖြည်းဖြည်းရောက်ရှိ လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းတာ ချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာ ရောက်ရှိနေသေးပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် ၂၅၆ စင်တီမီတာ လျော့နည်းကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေ တိုင်းတာချက် အရ ၁၈၆၄ စင်တီမီတာရှိနေကာ ဆက်လက် မြင့်တက်လာ နိုင်ကြောင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အခြေအနေများကို ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ နေ့စဉ် မြစ်ရေကြီးမှု အခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်း ထုတ်ပြန် ပေးလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းယုမော်ထံမှ သိရသည်။ ညောင်ဦးမြို့တွင် ဧရာဝတီ မြစ်ရေတိုင်းတာခြင်းကို တစ်ရက် သုံးကြိမ် တိုင်းတာကြောင်း၊ စိုးရိမ် ရေမှတ်ရောက်ရန် ၁၀၀ စင်တီ မီတာရောက်ရှိချိန်တွင် မြစ်ရေ ကြီးသတိပေးချက် ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သိရသည်။
ဝင်းထိန်(ပြန်/ဆက်)



