ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၆၂ ဦး ဆက်လက်ဝင်ရောက်

 

မြဝတီ   ဇွန်   ၁၉


ထိုင်းနိုင်ငံတွင်  ရောက်ရှိနေပြီး  နေရပ်ပြန်လိုသည့်  မြန်မာနိုင်ငံသား များအား မြဝတီမြို့  မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့်       ပြန်လည်ကြိုဆိုလက်ခံခြင်းကို    ၂၀၂၁ ခုနှစ်  သြဂုတ်  ၁ ရက်နေ့မှ   စတင်ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၂၆၂ ဦး ဆက်လက်ဝင်ရောက်ကြောင်း သိရသည်။

 


အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား များအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ  ဌာန ဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ များအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက် အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။

 


ထိုသို့   ထိုင်းနိုင်ငံမှ   ပြန်လာသူများတွင်    ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်   တနင်္သာရီတိုင်းဒေသကြီးမှ    နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ  ၁၀ မြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့   ပို့ဆောင်ပေးပြီး  အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား    မြဝတီမြို့ရှိ   ကုန်သွယ်ရေးဇုန်နှင့်   မဲကနယ် အသွားအလာ  ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင်  ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိ မရှိ  စစ်ဆေး ပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။

 


ယနေ့   ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်   တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ    အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၇၃ ဦး  စုစုပေါင်း ၂၆၂ ဦးရှိကြောင်း သိရသည်။              

ထိန်လင်းအောင်(ပြန်/ဆက်)