ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်  ဇွန် ၁၉


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ   ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ      ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင် တိုက်သို့လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ် ရှိ   သာသနာ့ရောင်ခြည်ကျောင်း တိုက်သို့လည်းကောင်း၊   မကွေး တိုင်းဒေသကြီး  မကွေးမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းသို့လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး   သုံးခွမြို့နယ်ရှိ  မြို့မရေလည်  ကျောင်းတိုက်သို့ လည်းကောင်း၊     ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံ  ကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး    ပုသိမ် မြို့နယ်ရှိ လေးမျက်နှာပရိယတ္တိ  စာသင်တိုက်သို့   လည်းကောင်း ဆရာတော်၊      သံဃာတော်များ အတွက်  ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက  သွားရောက် ဆက်ကပ်    လှူဒါန်းကြကြောင်း သိရသည်။


သတင်းစဉ်