မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင် ၄၅၀ ကို စုပေါင်းစိုက်ပျိုး

 

မော်လမြိုင်  ဇွန်   ၁၈              

                                                                         
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇွန်  ၁၈ ရက်  နံနက်ပိုင်းက ‌မော်လမြိုင်မြို့နယ်၏   Land Mark အမှတ်အသားဖြစ်သည့် ထန်းပင်များစိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်အတူ မော်လမြိုင်-ကျိုက်မရော ကားလမ်းဘေးဝဲယာတစ်လျှောက် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်၊၊ 

 


ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်သည်     လမ်းဘေးဝဲယာ တစ်လျှောက် ထန်းပင်စိုက်ပျိုးထား ရှိမှုများကို   ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ကာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးသည်၊၊ 

 


မော်လမြိုင်မြို့နယ်၏ အမှတ် အသားဖြစ်သည့်   ထန်းပင်များ စုပေါင်း   စိုက်ပျိုးခြင်းကို   မော်လမြိုင်  - ကျိုက်မရော ကားလမ်း အရှည်ပေ   ၂၅၀၀ အထိ ရှည်လျား သည့် လမ်းဘေးဝဲယာတစ်လျှောက်   ဌာနဆိုင်ရာများ၊    အရပ်ဘက်    အဖွဲ့အစည်းများ၊     မော်လမြိုင် မြို့နယ်ရှိ    ဒေသခံပြည်သူ     ၅၂၀  ခန့်က  ထန်းပင် ၄၅၀ ကို  စုပေါင်း    စိုက်ပျိုးကြခြင်း    ဖြစ်ကြောင်း၊ Land  Mark     အမှတ်အသား စိုက်ပျိုးသော     ထန်းပင်များ ရှင်သန်ကြီးထွားချိန်တွင်   ပြည် တွင်းပြည်ပ    ခရီးသွားဧည့်သည် များနှင့်     ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ   အပန်းဖြေ နိုင်မည်ဖြစ်သည့်အပြင် ခရီးသွား        လုပ်ငန်းအတွက်လည်း အထောက် အကူပြုမည်ဖြစ်ပြီး   စိတ်အပန်း ဖြေ  သွားလာလည်ပတ်နိုင်သည့်    ခရီးသွားမြို့တော်   နေရာတစ်ခု အဖြစ်   ဖွံ့ဖြိုးဝေစည်လာမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင် ပြန်/ဆက်)