ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၂) ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသ

 

နေပြည်တော် ဇွန်  ၁၈


ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ်(၂) ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကန်သုံးဆင့်ရေကန်၌ ကျင်းပရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက  တိုင်းဒေသကြီး  မီးသတ်ဦးစီးဌာန  ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၂) ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးသည်။ 

 


ထို့နောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်က  သရုပ်ပြအဖွဲ့များကို အမှာစကားပြောကြားပြီး ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေရေးလုပ်ငန်းသုံးပစ္စည်းများအား   ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။            

သတင်းစဉ်