ပေကျင်း ဇွန် ၁၇
တရုတ်အစိုးရ အာဏာပိုင်များသည် အဓိက စီးပွားရေးလုပ်ငန်းများနှင့် နယ်ပယ်များအတွက် ငွေကြေးပံ့ပိုးမှုကို အကြွေးထုတ်ပေးခြင်းဖြင့် တိုးမြှင့်ရန် ကတိပြုထားကြောင်း သိရသည်။
အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု၊ စွမ်းအင်ထောက်ပံ့မှု၊ ရေထိန်းသိမ်းမှုနှင့် အခြေခံ အဆောက် အအုံများ စသည်တို့အတွက် ခိုင်မာသည့် ဘဏ္ဍာရေးအထောက်အပံ့များ ပေးအပ် သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ ဘဏ် PBOC ၊ တရုတ်ဘဏ်လုပ်ငန်း နှင့် အာမခံစည်းမျဉ်းကော်မရှင်တို့ ဇွန် လဆန်းပိုင်းက ပူးတွဲကျင်းပသည့် အစည်းအဝေးအရ သိရသည်။
ပြည်တွင်းပြည်ပတွင် မမျှော်လင့် ထားသော အကြောင်းရင်းများကြောင့် စီးပွားရေးအပေါ် ဖိအားများ ဆက်လက် တိုးလာခြင်းကြောင့် ဘဏ္ဍာရေးစနစ်တွင် ချေးငွေကို တိုးချဲ့ခြင်းဖြင့် အရည်အသွေး မြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုး ပေးရန် အစည်းအဝေးမှ တောင်းဆိုထားသည်၊၊
ချေးငွေပြန်ဆပ်ချိန်ရွှေ့ဆိုင်း
အိမ်ခြံမြေ ချေးငွေ၏ တည်ငြိမ်သော တိုးတက်မှုကို မြှင့်တင်နိုင်ရန်အတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ တစ်ဦးချင်းစီးပွား ရေးလုပ်ငန်းများနှင့် ထရပ်ကားမောင်းသူ များ၏ ချေးငွေများ ပြန်ဆပ်ချိန်ကို ရွှေ့ဆိုင်းခြင်းနှင့် ကပ်ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော အိမ်ရာ နှင့် အခြားချေးငွေများ ပြန်ဆပ်ချိန် ရွှေ့ဆိုင်းခြင်းတို့ကို ကြိုးပမ်ဆောင်ရွက် သင့်ကြောင်းလည်း အစည်းအဝေးမှ သိရသည်။
သတင်းရင်းမြစ်များ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူး များ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊



