အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ်ဝယ်ယူခွင့်ပြုခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

 

၁။    (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်  ဆွတ်ခူး အောင်မြင်ခဲ့ကြသော  မြန်မာအားကစားသမားများအား  နိုင်ငံတော် မှ အားပေးဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် လူစီးမော်တော်ယာဉ်ဝယ် ယူခွင့်ကို အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုသွားမည် ဖြစ်ပါသည်။

၂။    ရွှေတံဆိပ်ဆုရ   အားကစားသမားများအား   ပြည်တွင်းရှိ မော်တော်ယာဉ် Showroom နှင့် Sale Center များမှ စက်စွမ်းအား ၂၀၀၀  စီစီနှင့်အောက်၊  CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် လူစီးမော်တော်ယာဉ်တစ်စီးစီ ဝယ်ယူ ခွင့်ပြုမည်ဖြစ်ပြီး ၎င်းမော်တော်ယာဉ်နှင့်စပ်လျဉ်း၍ ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခအား         ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၃။    အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်-
  

 (က)    ညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံတင်)
        - ဖုန်း ၀၆၇-၃၄၀၅၁၄၂
    (ခ)    ဒုတိယညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံတင်)    
        - ဖုန်း ၀၆၇-၃၄၀၅၀၃၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန