နေပြည်တော် ဇွန် ၁၇
အာဆီယံဖောင်ဒေးရှင်းနှင့် ဂျာမနီနိုင်ငံမှ Software ကုမ္ပဏီ SAP (Systems, Applications and Products in data Processing) တို့ ပူးပေါင်းပြီး “အာဆီယံ ဒစ်ဂျစ်တယ်နည်းပညာစွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” (ASEAN Digital Empowerment-DE)အား စတုတ္ထ စက်မှုတော်လှန်ရေးကာလအတွင်း လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ အွန်လိုင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်သို့ အသက် ၁၈ နှစ်မှ ၃၀ နှစ်အကြား အာဆီယံနိုင်ငံသားများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ တက္ကသိုလ်များတွင် လက်ရှိပညာသင်ကြားနေသည့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ (ဒီပလိုမာ၊ ဘွဲ့ကြို၊ ဘွဲ့လွန်)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အလုပ်အကိုင်ရှာဖွေနေသူများ၊ လက်ရှိအလုပ်လုပ်ကိုင်နေပြီး ပိုမို ကောင်းမွန်၍ ရေရှည်တည်တံ့သည့် အလုပ်အကိုင်ကို ရှာဖွေနေသူများ၊ အွန်လိုင်းမှတစ်ဆင့် ခြောက်လသင်တန်းကို ပြီးမြောက်အောင် တက်ရောက်နိုင်သူများနှင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင် စွာ ပြောဆိုရေးသားနိုင်သူများ လျှောက်ထားနိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ပါဝင်လိုသော လူငယ်များသည် (၂၀-၆-၂၀၂၂) ရက်နေ့ နောက်ဆုံးထားကာ bit.ly/ASEANDEform မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို အီးမေးလ်လိပ်စာ ilan.asqolani@aseanfoundation.org သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် သည့်အပြင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာ ဦးစီးဌာန တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၁၃၉၅၀၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။
သတင်းစဉ်



