ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉) နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) တို့၏ သင်တန်းဆင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  ဇွန်  ၁၇


ပြည်ထောင်စု    ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်   နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်   (အထက် မြန်မာပြည်)တွင်  ဝန်ထမ်းအဖွဲ့ အစည်း  ဒုတိယအကြီးအမှူး  စီမံ ခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉) နှင့် အဆင့်မြင့်  အရာထမ်းစီမံခန့်ခွဲမှု သင်တန်း  အမှတ်စဉ်  (၁၀)  တို့ ၏ သင်တန်းဆင်းအခမ်းအနားကို  ယနေ့ နံနက် ၈  နာရီတွင်  နီလာ ခန်းမ၌ ကျင်းပရာ  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)    ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ် များ၊     ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊    တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်   သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ ကြသည်။

 


သင်တန်းဆင်းပွဲတွင်   ပြည် ထောင်စုရာထူးဝန်အဖွဲ့    ဥက္ကဋ္ဌ ဦးသန်းဆွေက  နိုင်ငံတော်အနေ ဖြင့်   အတွေ့အကြုံရင့်ကျက်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသည့် နိုင်ငံ့ဝန်ထမ်း  အဆင့်မြင့်အရာရှိ ကြီးများကို  ခေါင်းဆောင်မှု၊   စီမံ ခန့်ခွဲမှုအရည်အသွေး       ပိုမို ထက်မြက်ထူးချွန်စေရန်အတွက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဝန်ထမ်းအဖွဲ့အစည်း     ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲ မှုသင်တန်းများကို  ၂၀၁၂  ခုနှစ်မှ စတင်၍  တစ်နှစ်လျှင်  နှစ်ကြိမ် ဖွင့်လှစ်ခဲ့ရာ  ယခုသင်တန်းများ အပါအဝင်     သင်တန်းသား၊ သင်တန်းသူ   အဆင့်မြင့်    အရာရှိ ကြီး ၁၄၉၃ ဦးတို့ကို   အောင်မြင်စွာ လေ့ကျင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

 


အဆင့်မြင့်  အရာရှိကြီးများ သည် ဝန်ကြီးဌာန/အဖွဲ့အစည်း များ၏ ရည်မှန်းချက်၊ ရည်ရွယ် ချက်များကို အောင်မြင်ရန် အဓိက ကျသည့်     စီမံခန့်ခွဲမှုကဏ္ဍ က ဆောင်ရွက်နေကြသူများ     ဖြစ် သဖြင့်  တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်    လိုအပ်ပါ ကြောင်း၊     အဆင့်ဆင့်သော ဝန်ထမ်းများကို ပြည်သူလူထုနှင့် ဆက်ဆံရေး ကောင်းမွန်ရန်၊ လုပ် ငန်းများ   အောင်မြင်မှုရရှိရန်နှင့် တစ်ဦးချင်းစီ၏    အရည်အသွေး နှင့်   စိတ်ဓာတ်ကို   မြှင့်တင်ပေးပြီး    ဝန်ထမ်းဘဝတစ်လျှောက် လမ်း ကြောင်းမှန်ပေါ်   လျှောက်လှမ်း တတ်စေရန် ထိန်းကျောင်းတည့် မတ်ပေးကြပြီး   ကောင်းမွန်သော ခေါင်းဆောင်မှုပေးရန်       လိုပါ ကြောင်း။   မိမိကိုယ်တိုင်လည်း ကျရာကဏ္ဍကနေ တာဝန်ကျေပွန် စွာ ထမ်းရွက်နိုင်ရုံမက စေတနာ ကောင်းများဖြင့်    တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ  ပူးပေါင်းဆောင် ရွက်ကြရန်လည်း လိုအပ်ကြောင်း။

 


စီမံခန့်ခွဲအုပ်ချုပ်မှု  ပညာများ အပေါ်  အခြေခံပြီး   မိမိဌာနအဖွဲ့ အစည်း     တိုးတက်ရေးအတွက် ဆက်လက်လေ့လာကြိုးပမ်းသွားကြရန်နှင့် စွမ်းအားနှင့် စွမ်းဆောင် ရည်   အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံသစ်များ ကို  စဉ်ဆက်မပြတ်    ဆက်လက် လေ့လာသွားကြရန်   တိုက်တွန်း မှာကြားသည်။

 


ထို့နောက်   သင်တန်းသား၊ သင်တန်းသူများအား  သင်တန်း ဆင်းအောင်လက်မှတ်များ ချီးမြှင့် ပေးအပ်သည်။
အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး   စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၉)သို့ ဝန်ကြီး ဌာနအသီးသီးတို့မှ သင်တန်းသား ၁၇ ဦး၊ သင်တန်းသူ ငါးဦး စုစု ပေါင်း   ၂၂   ဦးနှင့်  အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၀)   သို့   ဝန်ကြီးဌာန အသီးသီးတို့မှ သင်တန်းသား  ၂၄ ဦး၊ သင်တန်းသူ ၁၇ ဦး စုစုပေါင်း ၄၁  ဦးတို့   တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇွန်  ၁၇  ရက်အထိ   ရက်သတ္တ ရှစ်ပတ်   ကြာမြင့်ခဲ့ကြောင်း   သိရသည်။

 


ထို့နောက်      တက္ကသိုလ်   ဝက်မွေးမြူရေးခြံတွင် သင်တန်း ရိက္ခာအတွက်  မွေးမြူလျက်ရှိ သော High Breed(DYL)ဝက်များ ထားရှိသည့်     အဆင့်မြင့်ဝက်ခြံသို့ သွားရောက်ကြည့်ရှုပြီး စနစ်တကျ မွေးမြူထားရှိရေး၊   ရောဂါဘယ ကင်းရှင်းရေးနှင့် ခြံများသန့်ရှင်း ရေး   စနစ်တကျ  လုပ်ဆောင်ရန် မှာကြားသည်။   ဆက်လက်ပြီး တက္ကသိုလ်ရှိဝန်ထမ်းများ စိုက်ပျိုး ထားရှိသော ရာသီ  သီးနှံစိုက်ခင်း များကို  သွားရောက်ကြည့်ရှုပြီး သီးနှံစိုက်ပျိူးသူများနှင့် တွေ့ဆုံ၍ တပိုင်တနိုင်  စိုက်ပျိုးအောင်မြင် လျက်ရှိ၍ စီးပွားဖြစ်ရောင်းချနိုင် သည်အထိ   စိုက်ပျိုးပြီး   မိသားစု အပိုဝင်ငွေရရှိအောင် ဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။

 


သတင်းစဉ်