လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်

 

မူဆယ်   ဇွန်  ၁၆


ရှမ်းပြည်နယ်(မြောက်ပိုင်း) လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန   (၂၇)   နှစ်မြောက်  နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  နိုင်ငံသားစိစစ်ရေးကတ်  ပေးအပ်ပွဲကို  မူဆယ်ခရိုင်   စုပေါင်းရုံးခန်းမ၌   ယမန်နေ့က    ကျင်းပသည်။

 


ဆက်လက်ပြီး  မူဆယ်ခရိုင်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးခန်းမ၌ “ပန်းခင်း” စီမံချက်ဖြင့် မူဆယ် ခရိုင်အတွင်းရှိ မြို့နယ်များတွင်  နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲ ကျင်းပရာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ဇော်မိုးက အမှာစကားပြောကြားသည်။ ထို့နောက် မူဆယ် ခရိုင် လဝကဦးစီးမှူး ဦးရဲရင့်ထွန်းက ဝန်ကြီးဌာနဖြစ်ပေါ် လာပုံနှင့် ဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်ပေးလျက်ရှိသည် များကို  ရှင်းလင်းဆွေးနွေးရာတွင်  “မူဆယ်ခရိုင်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်သည့်  နိုင်ငံသားစိစစ်ရေး ကတ်များ   ရာနှုန်းပြည့်  ပြီးစီးခဲ့ပြီးဖြစ်သည်။  ဝန်ကြီးဌာန အနေနဲ့ မြေပြင်လူဦးရေ စာရင်းကောက်ယူရရှိပြီး လဝကရဲ့ အိမ်ထောင်စု လူဦးရေစာရင်းကို UEC က ပြုစုပြီး ရရှိလာတဲ့  စာရင်းအရ ကိုင်ဆောင်လက်မှတ်မရရှိသေးသူများနဲ့ ၂၀၂၂ ခုနှစ်   ဒီဇင်ဘာ   ၃၁  ရက်အတွင်း   အသက်(၁၈)  နှစ် ပြည့်မည့်သူများ  ကိုင်ဆောင်လက်မှတ်ရရှိရေးကို “ပန်ခင်း” စီမံချက်ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း’’  ပြောကြားသည်။ 

 


ထို့နောက် (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ်  မေလမှ  ဇွန်  ၁၃  ရက်အထိ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့်  နိုင်ငံသားစိစစ်ရေးကတ်   ၅၆၈  ကတ်ကို  တာဝန်ရှိသူများက  ပြည်သူတစ်ဦးချင်း  လက်ဝယ်အရောက် ပေးအပ်ရာ ဒေသခံတိုင်းရင်းသားများက လက်ခံရယူကြောင်း သိရသည်။            

 ချယ်ရီမြေ(မူဆယ်)